မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက် ဆိုင်သောကုမ္ပဏီလီမိတက် MTSH) မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွက် အဆိုပြု အမြတ်ဝေစုပမာဏကို၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒါရိုက်တာအဖွဲ့ အစည်း အဝေးမှ သာမန်အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၉၀ နှုန်းခွဲဝေရန် ဆုံးဖြတ် ကြောင်း အသိပေး ကြေညာခဲ့သည်။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက် ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ZOOM application ကို အသုံးပြု၍ online platform ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဒွါဒသမအကြိမ်မြောက် နှစ် ပတ်လည် အထွေထွေအစည်းအဝေးတွင်လည်း အစုရှယ်ယာရှင်များအား အဆိုပါ အမြတ်ဝေစုပမာဏကို ခွဲဝေပေးမည်ဖြစ်ကြောင်း အသိပေး ကြေ ညာသွားမည်ဖြစ်သည်။
မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက် ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် အဆိုပါ အမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်များကို သြဂုတ် ၇ ရက်အထိ အရောင်းအဝယ် ပြုလုပ်ထား ပြီး သြဂုတ်၁၂ ရက်တွင် အမြတ်ဝေစု ခံစားခွင့်ရရှိမည့် အစုရှယ် ယာရှင် အဖြစ် အတည်ပြုမည့်ရက် Record Date) ) တွင်ရှိသော အစုရှယ်ယာရှင် စာရင်းအရ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစုရှယ်ယာရှင်များထံ အမြတ်ဝေစုပေးမည့်နေ့ကို(၁၂ကြိမ်)ဒွါဒသမ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပပြီးသည့် နောက်တွင် အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း YSX) စာရင်းဝင် မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း MTSH) အများပိုင် ကုမ္ပဏီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း အသားတင်အမြတ်ရရှိမှု ငွေကျပ် ၁၁ ဒသမ ၈ ဘီလီယံအထိ တိုး တက်လာကြောင်း နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုတိုး