Main menu

Background

ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀၉ သန်းရရှိ

Thu, 06/11/2026 - 12:50 -- journal_editor

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၁၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀၉ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေး ဌာနခွဲမှ သိရသည်။
ဒေသထွက် ပျားရည်များကို ပြည်တွင်းစားသုံးခြင်းအပြင် ဆေး ဝါးထုတ်လုပ်ငန်းများတွင် အသုံးပြုကြပြီး နှစ်စဉ် ပြည်ပနိုင်ငံများသို့ လည်း ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့မှတစ်ဆင့် တင်ပို့လျက်ရှိပြီး နိုင်ငံခြားဝင်ငွေရရှိနေ ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့  ပျားရည်တင်ပို့မှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်  စုစုပေါင်း မက်ထရစ်တန်ချိန် ၁၀ဝ၆ ဒသမ ၃၃ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၀၉ သန်း ရရှိခဲ့ပြီး ပြည်တွင်းမှထွက်ရှိသော ပျားရည်အမျိုးအစားများတွင် ဆီးသီးပျားရည်၊ နှမ်းပျားရည်၊ လိုက်ချီးပျားရည်၊ နေကြာပျားရည်၊ ပန်းပေါင်းစုံပျား ရည်နှင့် ရော်ဘာပျားရည်တို့ပါဝင်ပြီး အဆိုပါပျားရည်များကို သက်ဆိုင်ရာ သီးနှံများစိုက်ပျိုးသည့် ရာသီအလိုက် စုဆောင်းရရှိခြင်းဖြစ် သည်။ မြန်မာ့ပျားရည်ကို ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ  အများဆုံးဝယ်ယူနေပြီး ပြည်တွင်းပျားရည်ထွက်ရှိမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများဆုံးထွက်ရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း ပျားရည်ထွက်ရှိကြောင်း သိရသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူရေးဌာနခွဲအနေဖြင့် ပြည်တွင်းရှိ  ပျားရည်ထွက်နှုန်း တိုးတက်မြင့်မားလာစေရန်  ပြုစုပျိုးထောင်ခြင်း၊ ကောင်းမွန်သော ပျားမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူနိုင်စေရန် အသိပညာပေးခြင်းအပြင် နိုင်ငံတကာအဆင့်မီ အဆင့်အတန်းမြင့်သော ပျားရည်များ ထုတ်လုပ်နိုင်စေရန်  သင်တန်းများဖွင့်လှစ်ကာ နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ သည်။                                                                            

    ကိုတိုး