Main menu

Background

ဖေဖော်ဝါရီလအတွင်း မောင်တောစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးခြောက် ကန်ဒေါ်လာ လေးသိန်းကျော် တင်ပို့

Thu, 03/17/2016 - 11:24 -- journal_editor

    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၄၉၂၃၈၄ ကျော်တန်ဖိုးရှိ  ငါးစုံလေးခြောက် ၅၃၃၇၇၉ ကီလို၊ ငါးနီတူခြောက် ကီလို ၉၀၀၀၀  နဲ့ ငါးကုန်းညိုခြောက် ကီလို ၃၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလသည် ယခင်လထက် ငါးခြောက် ကန်ဒေါ်လာ ၁၀၇၃၆၉ ကျော်ဖိုး  ပိုမိုတင်ပို့ခဲ့ပါတယ်။  မောင်တော ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေရှ်နိုင်ငံသို့   ဒေသထွက်ငါးခြောက်မျိုးစုံ အဓိကတင်ပို့နေရပြီး  ငါးစုံလေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများ ဆုံးတင်ပို့တဲ့ ပို့ကုန်ပစ္စည်းများဖြစ်ပြီး  ဈေးကောင်းရကြောင်း ကုန်သည် များထံမှသိရပါတယ်။

   မြင့်မြင့်မာ