Main menu

Background

ဈေးကောင်းရနေသည့် ဧရာရေထွက် ပုစွန်ဈေးကွက်

Mon, 07/01/2024 - 15:14 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေနှင့် နီးကပ်လျက်ရှိသော ငပုတောမြို့နယ်အတွင်းရှိ  ဟိုင်းကြီး ကျွန်းကျေးရွာ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ စံပြကျေးရွာ သက္ကယ် သောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြား ကျေးရွာများ၊ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန်  ပုစွန်များကို ပုသိမ်ဈေးကွက်သို့ လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
ပုသိမ်ဈေးကွက်တွင် ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန် ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီး ဂရမ် ၂၅၀ အထက် ပုစွန်ဈေ မှာ တစ်ပိဿာ ကျပ် ၈၅၀ဝ၀၊ ဂရမ် ၂၀ဝ အထက် ဈေးမှာ တစ်ပိဿာ ကျပ် ၆၅၀ဝ၀ ဈေးနှင့် ဂရမ် ၅၀ မှ၁၀ဝ အတွင်း ကျပ် ၅၀ဝ၀ဝ-၆၀ဝ၀ဝ ဈေးနှုန်းဝန်းကျင် ပုစွန်အရွယ် အစားအလိုက် ကျပ် ၂၀ဝ၀ဝ -၄၀ဝ၀ဝ  အတွင်းရှိ ပုစွန်များကို လည်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။
ပုသိမ်ဈေးကွက်မှ ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ ရောင်းချမှုမရှိဘဲ ရန်ကုန်မြို့ရှိ စံပြဈေး၊ ရွှေပိတောက်ပါးဈေးသို့ နေ့စဉ်တင်ပို့ပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့ တင်ပို့ရောင်းချသည့် ကုမ္ပဏီများ၊ အဝယ်ဒိုင်များမှ  ဂရမ်၂၀ဝ နှင့် ၂၅၀ အထက် ပုစွန်များကို ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊  ဂျပန်နိုင်ငံနှင့် ဥရောပ နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ 
ပုသိမ်ဈေးကွက်မှ ရေထွက်ပစ္စည်းများ ရောင်းချရာတွင် ရန်ကုန်မြို့ရှိ အဝယ်ဒိုင်များမှ ဖွင့်လှစ်သော ဈေးနှုန်းဖြင့်သာ ရောင်းချပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့ပို့သော ကုမ္ပဏီများမှလည်း အရည်အသွေး၊   ဝယ်လိုအား၊    ဈေးကွက်ပေါ်   မူတည်၍ အရောင်းအဝယ်ပြုလုပ်ရကြောင်း  ပုသိမ်မြို့ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

 

မင်းမင်းဦး (ပသ)