Main menu

Background

မအူပင်မြို့နယ်မှ ငါးရှဉ့် ဈေးကွက်

Mon, 10/07/2024 - 13:06 -- journal_editor

မအူပင်မြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့်အလျောက် မြစ်ချောင်းစပ်များ၊ ရွှံ့နွံအိုင် များနှင့်  လယ်ကွင်းများတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ငါးရှဥ့်များကို တွေ့ရှိရသည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိသည့်အနက် ရေလဲ၊ ရွှေတောင်မှော်၊ စစ် ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် စသည့် ကျေးရွာအုပ်စု များသည် ချောင်း၊ မြောင်း၊ အင်းအိုင်နှင့် ကွင်းရေ များ  ပေါများပြီး ယခုကဲ့သို့ မိုးတွင်းကာလတွင် ငါးရှဥ့်များစွာ ဖမ်းဆီးရရှိနိုင်သည်။ 
မအူပင်မြို့နယ်တွင် ယခင်နှစ်များက ငါးရှဥ့် ကို အမျိုးအစားအလိုက် ခွဲခြားဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် အကောင်ငယ်များမှာ ဈေးကွက် ဈေး ကောင်းရရှိသဖြင့် မိမိတို့ မအူပင် ငါးရှဥ့်ဒိုင်များမှ အမျိုးအစားမခွဲခြားဘဲ  ငါးရှဥ့်အကောင်များကို ရန်ကုန် လှိုင်သာယာ ြဥဃ ၊ ရွှေကမ်းသာ ငါးရှဉ့် ဒိုင်၊  သမကုန်းအဝိုင်းငါးရှဉ့်ဒိုင်၊ အင်းစိန် ငါးရှဥ့်ဒိုင် များသို့ တင်ပို့ကြောင်း သိရှိရသည်။
မအူပင်မြို့နယ်ရှိ    ကျေးရွာအုပ်စုများမှာ လာရောက်ရောင်းချသော သဘာဝငါးရှဥ့်များကို တစ်ပိဿာလျှင် သြဂုတ်လဆန်းပိုင်းဈေးနှုန်းအနေ ဖြင့် ကျပ် ၁၄၀ဝ၀ ဈေးဖြင့် ဝယ်ယူပြီး ရန်ကုန် ငါးရှဥ့်ဒိုင်များသို့ ကျပ် ၁၅၀ဝ၀ ဈေးနှုန်းဖြင့် နေ့စဉ် တင်ပို့ရောင်းချလျက်ရှိပြီး သြဂုတ်လကုန်ပိုင်းက ငါးရှဥ့်ဒိုင်များမှ ကျပ် ၁၅၀ဝ၀ ဖြင့် ဈေးကောင်းရပြီး ရန်ကုန်သို့ ကျပ် ၁၇၀ဝ၀ ဖြင့်တင်ပို့ခဲ့သည်။ စက် တင်ဘာလကုန်ပိုင်းတွင် ငါးရှဥ့်တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ဖြင့်  ဝယ်ယူပြီး  ရန်ကုန်သို့ ကျပ် ၁၈၀ဝ၀ ဖြင့် တင်ပို့နေကြောင်းသိရသည်။  
မိုးများသောအချိန်များတွင် ကုန်ချိန်များစွာ မရရှိသော်လည်း တစ်ဒိုင်လျှင် ပျမ်းမျှကုန်ချိန် ၁၅၀၊ ပိဿာ ၂၀ဝ မှ ပိဿာ ၃၀ဝ အထိ တင်ပို့ရရှိကြောင်း ငါးရှဥ့် အမျိုးအစားမခွဲဘဲ ရန်ကုန်ဈေးကွက်မှ ဝယ် ယူကြောင်းသိရသည်။ ရန်ကုန်ဒိုင်များမှ ပြည်ပမှ မှာယူတင်ပို့သည့် ဈေးကွက်ကို ချိတ်ဆက်လုပ်ကိုင် ကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် ငါးရှဥ့်ဒိုင် ခြောက်ဒိုင်ခန့်ရှိကြောင်း သိရသည်။ 
ငါးရှဥ့်များကို တစ်နှစ်ပတ်လုံး ဝယ်ယူရရှိပြီး တန်ခူး၊ ကဆုန်လများတွင် ငါးရှဥ့်ကုန်ချိန် ဝယ်ယူ ရရှိမှု နည်းပါးပြီး ကျန်လများတွင် ပိုမိုဝယ်ယူနိုင် သည်။   ယခုနှစ်  သြဂုတ်၊  စက်တင်ဘာလတို့တွင် မအူပင်မြို့နယ်မှ ပျမ်းမျှငါးရှဥ့် ပိဿာ ၅၀ဝ၀ဝ ခန့် တင်ပို့နိုင်ကြောင်း သိရသည်။
အဆိုပါ ဒေသထွက် ငါးရှဉ့်များကို ရန်ကုန် ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီး ရန်ကုန်မြို့ မှတစ်ဆင့်  ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ ကြောင်း သိရသည်။                     
 

 သဇင်(မအူပင်)