တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ တောင်ဘက်ခြမ်းတွင်တည်ရှိပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသုံးခုအနက် အရှည်ဆုံးကမ်းရိုးတန်းတစ်ခုဖြစ်ကာ ကမ်းရိုးတန်းမိုင် ၂၀ဝ ခန့်ရှည်လျားသည့်အတွက် ကမ်းရိုးတန်း ရေပြင်တွင် ကမ်းဝေး၊ ကမ်းနီး ငါးဖမ်း/ငါးသယ်ရေယာဉ်(လိုင်စင်)စင်းရေ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ၃၂၆၂ စင်း၊ ငါးဖမ်း ရေလုပ်သား ၅၀ဝ၀ဝ ကျော်ခန့်ဖြင့် အဓိက ငါး၊ ပုစွန် ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ငါး/ ပုစွန် ၊ ကဏန်းပျော့၊ ဂျင်းခရု၊ ပင်လယ်ရေမှော်၊ ကမာများကိုလည်း ဒေသတွင်းမွေးမြူပြီး ပြည်တွင်း၊ ပြည်ပသို့တင်ပို့ ရောင်းချကာ အဓိကဝင်ငွေရရှိနေသော လုပ်ငန်းတစ်ခုဖြစ် သည်။
ပင်လယ်ပြင် ကမ်းနီးငါးဖမ်း/ငါးသယ်ရေယာဉ်(လိုင်စင်)၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ငါးဖမ်း ၁၆၆၅ စင်း၊ ငါးသယ် ၂၁၅ စင်း၊ ပေါင်း ၁၈၈၀ စင်း၊ ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်(လိုင်စင်) ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ငါးဖမ်း ၁၃၃၁ စင်း၊ ငါးသယ် ၅၁ စီး၊ ပေါင်း ၁၃၈၂ စင်းဖြင့် နှစ်ပတ် လည် ပင်လယ်ရေပြင်တွင် ငါး/ပုစွန်များအား ရှာ ဖွေဖမ်းဆီးလျက်ရှိသည်။ ကမ်းဝေးငါးဖမ်း တစ် စင်းလျှင် တစ်နှစ်ပတ်လည် ကုန်ချိန် ပျမ်းမျှ ၂၉၈ ဒသမ ၅၈၇ တန်နှင့် ကမ်းနီး ငါးဖမ်းတစ်စင်းလျှင် တစ်နှစ်ပတ်လည် ကုန်တန်ချိန် ၂၀ဒသမ၂၂၅တန် ဖမ်းဆီးရရှိသည်ဟု သိရသည်။
ထို့အပြင် ငါး/ပုစွန် မွေးမြူခြင်းများကို လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင် ရွက်လျက်ရှိရာ ငါးမွေးမြူရေး လုပ်ငန်းရှင် ၂၃ ဦးမှ ဧက ၁၂၄ ဒသမ ဝ၀၂ တွင် ရေပေါ်လှောင်အိမ် ၄၀၉ အိမ်ဖြင့်လည်းကောင်း၊ ပုစွန်မွေးမြူရေးလုပ် ငန်းကို လုပ်ငန်းရှင် ခုနစ်ဦး၊ ဧက၂၂၁၇ ဒသမ ၅၆၀ တွင် မြေကန် ၂၅၄ ကန်၊ ကဏန်းပျော့ မွေးမြူ ခြင်းကို လုပ်ငန်းရှင်ဦးရေ ခြောက်ဦး၊ ဧက ၅၁၁ ဒသမ ၈၁ ဧကတွင် မြေကန် ၅၃ ကန်ဖြင့် လည်း ကောင်း၊ ဂျင်းခရုမွေးမြူခြင်းလုပ်ငန်းကို လုပ်ငန်း ရှင် ၂၈၆ ဦးဖြင့် သဘာဝရေပြင် ၈၃၀၇ ဒသမ ၂၅ ဧကတွင် လည်းကောင်း၊ ပင်လယ်ရေမှော် မွေးမြူ ခြင်းကို လုပ်ငန်းရှင် ငါးဦးမှ ဧက၂၅၆တွင်ကြိုးတန်း ၁၅၂၀ ဖြင့် လည်းကောင်း၊ ကမာမွေးမြူခြင်းကို လုပ်ငန်းရှင်တစ်ဦးမှ ဧက ၄၀ တွင် ကြိုးတန်း ၄၀ ဖြင့်လည်းကောင်း စုစုပေါင်းလုပ်ငန်းရှင် ၃၂၈ ဦးမှ စုစုပေါင်း ဧက ၁၁၄၅၆ ဒသမ ၆၂၂ ဧကတွင် မွေးမြူထုတ်လုပ် ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ ရေငန်ပုစွန် မွေးမြူထားရှိမှုမှာ ထားဝယ်ခရိုင် ရေဖြူ တွင် ဧက ၄၀ တွင် ကန်လုံးရေ ရှစ်ကန်၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၉၉ ဒသမ ၇၇ ဧကတွင် ကန်လုံးရေ ၂၅ကန်၊ ကျွန်းစု၌ ၉၁၅ ဒသမ ၁၂ဧကတွင် ကန်လုံးရေ ၁၀၇ကန်၊ တနင်္သာရီ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ဧက ၂၂၁၇ ဒသမ ၅၆ ဧကတွင် ကန်လုံးရေ ၂၅၄ လုံးဖြင့် မွေးမြူ၊ ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပ တင်ပို့ ရောင်းချလျက်ရှိသည်။
ထို့အပြင် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း များကိုလည်း နိုင်ငံတော်အတွက် ဝင်ငွေပိုမိုတိုး တက်ရရှိစေရန် ရည်ရွယ်၍ တိုးချဲ့မွေးမြူဆောင် ရွက်လျက်ရှိရာ ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ်တွင် ၈၄၁ ဧက၊ မြိတ်ခရိုင် မြိတ်၊ ပုလော၊ ကျွန်းစုတွင် ၃၉၂၈ ဒသမ ၅၇ ဧက၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၅၃၉ ဒသမ ၂၀ ဧကနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ၃၂၉၅ ဧက မွေးမြူဆောင်ရွက်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ခွင့်ပြုမိန့် ၃၂၉၉ ဒသမ ၆၈ ဧက ရရှိခဲ့ပြီး တင်ပြဆဲ ၇၃၅၈ ဒသမ ဝ၉ ဧကဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ငါး၊ ပုစွန်၊ အခြား ထုတ်လုပ်တင်ပို့ ရောင်းချမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုတန်ချိန် ၅၁၄၁၈၀ ဒသမ ၈၅ ၊ စားသုံးမှုတန်ချိန် ၇၇၉၇၄ ဒသမ ၄၂၊ ပြည်ပတင်ပို့မှု၂၈၅၃၁၄ဒသမ၇၁၄ တင်ပို့ခဲ့ရာ နိုင်ငံခြားဝင်ငွေ ရရှိမှု ၃၀၃ ဒသမ ၆၂၈ သန်းရရှိခဲ့ကာ အဓိက ထိုင်းနိုင်ငံသို့တင်ပို့ခဲ့သည်။
တိုင်းဒေသကြီးအနေဖြင့် စားသုံး၊ ပြည်ပသို့ တင်ပို့ပြီး ပိုလျှံမှုအနေဖြင့် ၁၅၀၈၉၁ ဒသမ ၇၁၃ တန်ဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီးသည် ငါး၊ ပုစွန်ထုတ်လုပ်တင်ပို့မှုအပါ် ဒေသတွင်းရိက္ခာ ဖူလုံမှုရှိပြီး ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ငါး၊ ပုစွန် ထုတ် လုပ်မှု ၆၆၉၆၆ ဒသမ ၃၄၆ တန်၊ စားသုံးမှု ၁၉၁၄၃ ဒသမ ၆၁၀ တန်၊ ပြည်ပတင်ပို့မှု ၃၄၅၁၇ ဒသမ၂၉၂ တန်၊ နိုင်ငံခြားဝင်ငွေရရှိမှု အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၅၅ သန်းဖြစ်ပြီး ပိုလျှံမှု ၁၃၃၀၅ ဒသမ ၄၄၄ တန်ဖြစ်ကြောင်းနှင့် တင်ပို့ ရာတွင် ငါး (ရေခဲရိုက်)၊ ပုစွန်(Frozen Type) (အေးခဲ)၊ ပြုတ်ခြောက်၊ ပြုတ်ခဲများ တင်ပို့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာ နိုင်ငံ၏ တောင်ဘက်အခြမ်းတွင် တည်ရှိပြီး ကမ်း ရိုးတန်းရေပြင် ပိုင်ဆိုင်မှုကြောင့် ရေထွက်ပစ္စည်း ပြွေါကယ်ဝသည့် တိုင်းကြီးတစ်တိုင်းဖြစ်ကာ ရေလုပ်ငန်းနှင့်ပတ်သက်၍လည်း အခြေခံ ရေလုပ် သားမှစ၍ လုပ်ငန်းရှင်၊ အရောင်းအဝယ်၊ သယ်ယူ ပို့ဆောင်ရေး၊ လူတန်းစား အမျိုးမျိုးရှိပြီး ရေမြင့် လျှင် ကြာတင့်ဆိုသလို ဝင်ငွေ မြင့်တက်လျက် ရှိကာ သဘာဝ ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့ ရောင်းချမှုသည် တိုင်းဒေသကြီးအတွက်လည်း GDPတိုးတက်လျက်ရှိပြီး နိုင်ငံခြားဝင်ငွေပါ ရှာ ဖွေပေးနိုင်သဖြင့် နိုင်ငံအတွက် အားထားရသော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
Source- တနင်္သာရီတိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာန