Main menu

Background

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန်တန်ချိန် မက်ထရစ်တန် ၇၀ဝ၀ ကျော်တင်ပို့ထား

Sat, 01/10/2026 - 12:23 -- journal_editor

ပြည်တွင်းရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့  တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၇၀ဝ၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှု အနေဖြင့် မက်ထရစ်တန် ၇၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံ အသီးသီးသို့ ပုစွန် တန်ချိန် ၉၀ဝ၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

ကိုတိုး