Main menu

Background

ဆောင်းရာသီ သီးနှံများ ဈေးကွက်သို့ စုံလင်စွာဝင်ရော်

Tue, 02/03/2026 - 10:59 -- journal_editor

ရာသီပေါ်သီးနှံများမှာ ရှမ်းပြည်နယ်ထွက် လိမ္မော်သီး များ လှိုင်လှိုင်ပေါ်ထွက်ပြီး‌ နေပြည်တော်ဈေးကွက်သို့ ရောက် ရှိလာပြီဖြစ်ပြီး ဖရဲသီးနှင့် သခွားမွှေးသီးများမှာ အောက်မြန်မာ ပြည်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် စတင်ထွက်ရှိနေပြီဖြစ် သည်။  ဆီးချိုသီး၊ ဆီးချဉ်သီးနှင့် ဗမာဆီးသီးများလည်း ပေါ များသည့်ရာသီဖြစ်သည်။ ရာသီပေါ် ဟင်းသီးဟင်းရွက်များ လည်း  အလွန်ပေါများပြီး ဈေးနှုန်းသက်သာကာ လတ်ဆတ် သောအချိန်ဖြစ်သည်။ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များသည် လည်း  ဆောင်းရာသီ၏ အဓိကသီးနှံများဖြစ်ပြီး အချိုဆုံး အချိန်ဖြစ်သည်။ အင်းလေးနှင့်  အညာဒေသထွက် ခရမ်းချဉ် သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သကဲ့သို့ မုန်လာဥနီနှင့် မုန်လာဥ ဖြူတို့လည်း  ပေါများသည်။  ပဲတောင့်ရှည်နှင့် ကုလားပဲများကို ဈေးကွက်တွင် အလွယ်တကူ ရနိုင်သည်။
အခြား အဓိကသီးနှံများဖြစ်‌သော မြေပဲနှင့် နှမ်းများ  ရိတ်သိမ်းပြီးကာစအချိန်ဖြစ်၍ မြေပဲဆုံဆီသန့်များ ရနိုင်သော အချိန်ဖြစ်သည်။  နေကြာပန်းများ ပွင့်ရုံသာမက နေကြာစေ့ များလည်း စတင်ထွက်ရှိပြီဖြစ်သည်။ သို့ဖြစ်၍  ဆောင်းရာသီ ကာလသည် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ ထွက်ပေါ်ပြီး ဈေးကွက်သို့ စုံလင်စွာ ဝင်ရောက်လာသည့်အတွက် စားသုံး သူများစိတ်ကြိုက်  ရွေးချယ်ဝယ်ယူ စားသုံးကြကြောင်း သိရ သည်။  

တင်စိုးနိုင်(နေပြည်တော်)