Main menu

Background

အမေရိကန်ဈေးကွက်သည် ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာ အဓိကဈေးကွက်အဖြစ် ဆက်လက်တည်ရှိ

Tue, 02/24/2015 - 21:01 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

      အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ပင် လယ်စာတင်ပို့မှုအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အတွင်းတင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံဖြစ်ပြီး နှစ်အလိုက် တိုးတက်မှုနှုန်း မှာ ၁၇ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကြောင်း ဗီယက်နမ် ပင် လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (vasep)  ၏ သတင်းများ အရသိရှိရပါသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံသို့ တင်ပို့သည့် ပင်လယ်စာ များအနက် ပုစွန်မှာ အများဆုံးဖြစ်ပါသည်။
သို့သော်လည်းဗီယက်နမ်ပင်လယ်စာလုပ်ငန်း ကဏ္ဍ အထူးသဖြင့် ပုစွန်လုပ်ငန်းများအနေဖြင့်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထုတ်ကုန်အရည်အသွေး တို့အပေါ် လိုက်နာဆောင်ရွက်မှု အားနည်းနေကြောင်း၊ ပုစွန်မွေးမြူသူများသည် ရောဂါဖြစ်ပွားသည့် ပုစွန် ကန်များကို ပြုပြင်ရာ၌ ပဋိဇီဝဆေးအသုံးပြုမှု မြင့်မား သဖြင့် ပြည်ပပို့ကုန်များတွင်အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ ခွင့်ပြုသည့် ပမာဏထက်ကျော်လွန် ပါက ပို့ကုန်အပေါ် ထိခိုက်စေနိုင်ကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်သတ်မှတ်ချက်များ ချမှတ်ထား ပြီးဖြစ်၍ ယခုနှစ်နှောင်းပိုင်းတွင် စတင်အကောင် အထည်ဖော်နိုင်မည် ဟုမျှော်လင့်ကြောင်း၊ထို့အပြင် ဗီယက်နမ် ပုစွန်အပေါ် ဥရောပသမဂ္ဂမှ ကောက်ခံ သည့် အကောက်ခွန်နှုန်းထားသည်လည်း ယခုနှစ်ဇန်နဝါရီ လမှစ၍ မြင့်တက် ခဲ့ကြောင်း၊ သို့ပါ၍ ၂၀၁၄ ခုနှစ်က မြင့်မားခဲ့သည့် ပင်လယ်စာပို့ကုန် တိုးတက်မှုနှုန်းသည် ၂၀၁၅ခုနှစ်တွင်အနည်းငယ် နှေးကွေးသွားနိုင်ကြောင်း Vietnam Briefingသတင်းတွင်ဖော်ပြထားပါသည်။ ၂၀၁၅ ခုနှစ်တွင် ပင်လယ်စာ တင်ပို့မှုမှဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရရှိရန် ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ရည်မှန်း ချက်ချမှတ် ထားပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဝါရှင်တန်မြို့