Main menu

Background

ဂျပန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း ကုမ္ပဏီများအား တိုက်တွန်း

Tue, 02/24/2015 - 21:07 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

        ဂျပန်နိုင်ငံသည် မကြာသေးခင် က ထိုင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ သော သဘောတူစာချုပ်ဖြင့် ထိုင်းရင်း နှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိကြပါသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ပရာယွတ်၏ ဂျပန်နိုင်ငံခရီး စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသော ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (Memorandum of Cooperation_MoC)  သည် ဂျပန်နိုင်ငံ၌ ထိုင်းကုမ္ပဏီ များ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရန် လမ်းဖွင့်  ပေးဖွယ်ရှိကြောင်း ဂျပန်နိုင်ငံပြည်ပ ကုန်သွယ်မှုအဖွဲ့(JETRO)မှပြောကြား ခဲ့ပါသည်။အာဆီယံနိုင်ငံများအနက် ထိုင်း နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် အမြောက်အမြား တိုးတက်လျက်ရှိပါသည်။ သို့ရာတွင် ဂျပန်နိုင်ငံ၌ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုသည် အစပိုင်းအဆင့်တွင်သာ ရှိသေး ရာ ဆက်လက်တိုးတက်နိုင်သည့် အလား အလာရှိနေသေးပါသည်။
JETRO  ၏ စာရင်းအင်းများအရ ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဂျပန် နိုင်ငံ၌ စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃သန်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ၌ ထိုင်း နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ဆယ်စုနှစ် တစ်ခုအတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀-၈၀ သို့ိတိုးမြင့်လာခဲ့ကြောင်း၊ မကြာသေးခင်နှစ်များ၌ အမေရိကန် ဒေါ်လာသန်း ၁၀၀-၁၃၀ သို့ ရောက်ရှိ ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင် ဘာလအတွင်း ဂျပန်နိုင်ငံ၌ ထိုင်းနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၉၀ ဒသမ ၈သန်းရှိခဲ့ကြောင်း၊ အလားတူကာလအတွင်း ထိုင်းနိုင်ငံ၌ ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၄၈သန်း သာ ရှိခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူစာချုပ်ဖြင့် တွန်း အားပေးသော ဂျပန်နိုင်ငံ၏ လှုပ်ရှား ဆောင်ရွက်မှုသည် ဂျပန်နိုင်ငံသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာ အောင် တိုက်တွန်းခြင်းဖြင့် မှေးမှိန်နေ သော ၎င်းင်း၏စီးပွားရေးကို ပြန်လည် အားဖြည့်ပေးသည့် မဟာဗျူဟာများ အနက် တစ်ခုဖြစ်ပါသည်။
သြဃ အရ ထိုင်းကုမ္ပဏီများ အနေဖြင့် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာပူးတွဲ အမြဲတမ်းကော်မတီ သို့လျှောက်ထားရ ပါမည်။ အဆိုပါ ကော်မတီနှင့် ဲJETRO တို့ပူးပေါင်း၍ ထိုင်းကုမ္ပဏီများအား
ဂျပန်ဈေးကွက်သို့ဝင်ရောက်ရန်အတွက်JETRO ၏ အကူအညီရရှိရန် အရည် အချင်း ပြည့်မီခြင်း ရှိ^မရှိ အကဲဖြတ် မည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံလို သော ထိုင်းကုမ္ပဏီများအား အကြံ ဉာဏ်များပေးရန်၊ လိုအပ်သောအထောက် အပံ့များ ပံ့ပိုးပေးရန်နှင့် ဂျပန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင် ရာ သတင်းအချက်အလက်များ ပေးရန် one-stop service  စင်တာတည်ထောင် မည်ဖြစ်ပါသည်။ ထိုင်းကုမ္ပဏီများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သီးသန့် စံသတ်မှတ်ချက်များမရှိကြောင်း၊JETRO အနေဖြင့် ဂျပန်နိုင်ငံ၌ ရင်းနှီး မြှုပ်နှံလိုသော အကြီးစားနှင့်အသေးစား ကုမ္ပဏီများ အားလုံးကို ကြိုဆိုကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘန်ကောက်မြို့