Main menu

Background

ရန်ကုန်မြို့ရှိHAGL စင်တာ တည်ဆောက်ရေးလုပ်ငန်းတွင် စင်ကာပူအခြေစိုက် Rowsley လီမိတက်မှ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်မည်

Tue, 02/24/2015 - 21:08 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

စင်ကာပူနိုင်ငံ၌ ဌာနချုပ်ရုံးဖွင့် လှစ်လျက် အာရှဒေသအတွင်း အိမ်ရာ မြေဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ် ကိုင်နေသော ျွသတျူနပ လီမိတက်သည်  ဗီယက်နမ်ကုမ္ပဏီတစ်ခုဖြစ်သည့် ံHoang  Anh Gia Lai  ကုမ္ပဏီအုပ်စုမှ ရန်ကုန် မြို့ ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု-၁ လမ်းဆုံအနီးတွင် ဆောင်ရွက်လျက်ရှိ သောHAGL မြန်မာစင်တာတည်ဆောက် ရေးလုပ်ငန်း၌ ရှယ်ယာငွေများ ထည့် ဝင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။
Rowsley ၏ ကြေညာချက်တွင် ၎င်းင်းတို့ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၂၇၅ သန်းထည့် ဝင်လျက် အဆိုပါစင်တာတည်ဆောက် ရေးလုပ်ငန်း၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်း ကိုရယူပြီး ံHoang Anh Gia Lai  ကုမ္ပဏီ နှင့် ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အင်းယားကန်၏နံဘေး အကျယ်  အဝန်း ၇၃၀၀၀ စတုရန်းမီတာ ရှိသော မြေနေရာတွင် တည်ဆောက်နေသည့် ဤစီမံကိန်းတွင် ရုံးခန်းအဆောက် အအုံ ၄လုံး၊ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် ၁လုံး၊ ဈေးဝယ်စင်တာ ၁ခုနှင့် လူနေအိမ်ခန်းများ ပါဝင်မည်ဖြစ် ကြောင်း၊ HAGLမြန်မာ စင်တာ မြေ နေရာမှာ နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ခွင့် အပြင် ၁၀ နှစ်စီ နှစ်  ကြိမ် သက်တမ်းတိုး နိုင်သည့် အခွင့်အလမ်း ရရှိထားကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၅၅၀ ရှိပြီး ၂၀၁၈ ခုနှစ် အတွင်း လုပ်ငန်းပြီးစီးရန် လျာထား ကြောင်း၊ တည်ဆောက်ပြီးစီးပါက အသားတင် ကြမ်းခင်းအကျယ် စတု ရန်းမီတာ ၆၄၀၀၀၀ ရရှိမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ံHAGL မြန်မာစင်တာ၌ လုပ် ငန်း ပထမအဆင့်အဖြစ် တည်ဆောက် လျက်ရှိသည့် ရုံးခန်းတာဝါအဆောက် အအုံ ၂လုံးတွင် အခန်းပေါင်း ၄၀၀ ရှိ သည့်ဟိုတယ်၊ ဧရိယာ ၃၉၀၀၀ စတုရန်း မီတာရှိသော ဈေးဝယ်စင်တာနှင့် အသားတင်အသုံးပြုနိုင်မည့် ဧရိယာ ၈၁၀၀၀ စတုရန်းမီတာတို့ပါဝင်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်အကုန်ပိုင်း၌ ပြီးစီး မည်ဖြစ်ပါသည်။ လူနေထိုင်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ရန် အတွက် အခန်းယူနစ်ပေါင်း ၁၀၀၀ ကျော်နှင့် အသားတင်အသုံးပြုနိုင်မည့် ဧရိယာ ၉၄၀၀၀ စတုရန်းမီတာ ပါဝင် သော လုပ်ငန်းဒုတိယအဆင့် အဆောက် အအုံ ၂လုံး တည်ဆောက်ခြင်းကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်မည်ဖြစ် ကြောင်း သိရှိရပါသည်။
ဗီယက်နမ်ကုမ္ပဏီနှင့် ပူးပေါင်း ၍HAGL မြန်မာစင်တာ တည်ဆောက် ရေးဖက်စပ်လုပ်ငန်း လုပ်ကိုင်ရာတွင် ွRowsley လီမိတက်အနေဖြင့် ၁၀၀ ရာခိုင်နှုန်းပြည့်အထိ ပိုင်ဆိုင်မှုတိုးမြှင့် ရန် ရွေးချယ်ပိုင်ခွင့်ရှိမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များမှာ ညှိနှိုင်းဆဲဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၏ အတည်ပြု ချက်ပေါ်မူတည်၍ နှစ်ဖက်ညှိနှိုင်းထား ရှိမှုမှာ ပြောင်းလဲနိုင်ကြောင်း၊ ယခု ရင်းနှီးမြှုပ်နှံမှုကို ေ<ကးမြီ၊ သာမန် အီကွီတီ ရှယ်ယာနှင့် ဘဏ်ချေးငွေ အရောအနှော ပုံစံများဖြင့် ထည့်ဝင်မည်ဖြစ်ကြောင်း ဖြင့်  ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ် ပြန်သောRows-ley ၏၂၀၁၄ ခုနှစ် ဘဏ္ဍာရေး အခြေအနေနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု အစီ ရင်ခံစာ၌ ဖော်ပြပါရှိပါသည်။
မြန်မာနိုင်ငံ၏ အိမ်မြေအဆောက် အအုံလုပ်ငန်းနှင့်ပတ်သက်၍ Rows-ley လီမိတက်၏ အမှုဆောင် အရာရှိ ချုပ် Mr Lock Wai Han က အာရှဒေသ အတွင်း လျင်မြန်စွာဖွံ့ဖြိုး တိုးတက် လျက်ရှိသည့် ထွန်းသစ်စဈေးကွက်များ တွင် မြန်မာနိုင်ငံသည် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ လက်ရှိကာလ၌ ရန်ကုန် မြို့သည် ခေတ်ပေါ် ဈေးဝယ်စင်တာ များ၊ အဆင့်မြင့်ရုံးခန်းများနှင့် ဟိုတယ် များ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း၊ ၎င်းင်းတို့အနေဖြင့် ဒေသတွင်း တန်ဖိုးမြင့်စီမံကိန်း လုပ်ငန်းများ လုပ် ကိုင်ရန် စူးစမ်းလေ့လာလျက်ရှိကြောင်း၊  ယခုHAGL မြန်မာစင်တာ လုပ်ငန်းစီမံ ကိန်းမှာ ၎င်းင်းတို့၏ လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်မှု ဗျူဟာနှင့် ကိုက်ညီမှုရှိ ကြောင်း၊ စီမံကိန်းလုပ်ငန်း ပထမအဆင့် မှာ ၂၀၁၅ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ် ပြီး ဈေးကွက်လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။
Rowsley လီမိတက်အနေဖြင့် မြန်မာနိုင်ငံ၌HAGL စင်တာတည် ဆောက်ရေးလုပ်ငန်းအပြင်  Pagoda Square နှင့်Mandalay Convention Centre    စသည့် လုပ်ငန်းစီမံကိန်းများ ကိုပါ လုပ်ကိုင်သွားရန် စီစဉ်လျက်ရှိ ကြောင်း သိရှိရပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့