Main menu

Background

ထိုင်းနိုင်ငံမှာ ခုနစ်ရက်ဈေးနှုန်း လျှော့ချရေး အစီအစဉ်ဆောင်ရွက်

Tue, 02/24/2015 - 21:10 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

        ထိုင်းနိုင်ငံသည် အစိုးရအနေဖြင့် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလ ၂၄-၃၀ ရက်များ တွင် ခုနစ်ရက် လှုံ့ဆော်ရေး အစီအစဉ် (seven-day campaign) ပြုလုပ်ခဲ့ပြီး နောက် ယခုတစ်ဖန် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ လျှော့ချရန် အဆိုပါအစီ အစဉ်ကို ထပ်မံဆောင်ရွက်ရန် စီစဉ် လျက်ရှိပါသည်။
ဈေးနှုန်းလျှော့ချရေး လှုံ့ဆော် သည့် အစီအစဉ်သစ်ကို လာမည့် မေလ တွင် ဆယ်ရက်ကြာ ပြုလုပ်ဖွယ်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီး မစ္စတာချက်ချိုင်း ကပြောကြားခဲ့ပါသည်။ ခေတ်မီအရောင်း ဆိုင်များ၊ ထုတ်လုပ်သူများ၊ ဆန်ထုပ်ပိုး ရောင်းချသူများ၏ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်ပါသည်။
ပြီးခဲ့သည့်နှစ်၌ နှစ်သစ်ကူး လက်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သော ခုနစ်ရက်ကြာလှုံ့ဆော်ရေး အစီအစဉ် သည် အောင်မြင်ခဲ့သည်ဟု အများစုက ယူဆထားပါသည်။ အဆိုပါအစီအစဉ် သည် ရောင်းအားနှင့် စားသုံးသူများ၏ သုံးစွဲမှုကို မြင့်တက်စေခဲ့ရာ ယခု အစီ အစဉ်သစ်တွင် ပါဝင်ရန် စိတ်ဝင်စား လျက် ရှိကြပါသည်။
ခုနစ်ရက် ဈေးနှုန်းလျှော့ချရေး အစီအစဉ်အရ လက်လီရောင်းသူများ နှင့် ပစ္စည်းပေးသွင်းသူ^ရောင်းသူများ သည် နိုင်ငံအနှံ့ှရှိ အရောင်းဆိုင်ပေါင်း ၁၂ç၈၀၀ ၌ ဈေးနှုန်းများကို ၁၀ ရာခိုင်နှုန်း မှ ၇ ရာခိုင်နှုန်း လျှော့ချ၍ ရောင်းရန် သဘောတူခဲ့ကြပါသည်။
အစီအစဉ်တွင် ပါဝင်မည့် လက်လီ အရောင်းဆိုင်များမှာTesco Lotus, Makro, BigC Supercenter, Central Department Store, Robinson Department Store, The Mall Group, Tang Hua Seng, Tops Supermarket, Foodland, MaxValu, JC Mart, 7-Eleven, FamilyMart, Lawson 108, CP Freshmart  တို့ဖြစ်ကြောင်း သိရှိရပါ သည်။
ရီရီမွန်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘန်ကောက်မြို့