Main menu

Background

စက်သုံးဆီဈေးနှုန်းပိုမိုမြှင့်တင်ခဲ့မှု အပေါ်ရှင်းလင်းတင်ပြရန်ကုမ္ပဏီများသို့ စင်ကာပူယှဉ်ပြိုင်မှုကြီးကြပ်ရေး ကော်မရှင်မှတောင်းဆို

Mon, 03/09/2015 - 21:15 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

ဓာတ်ဆီအခွန်နှုန်းထားတိုး မြှင့်မည်ဖြစ်ကြောင်းဖေဖော်ဝါရီ၂၃ရက် ကစင်ကာပူအစိုးရကကြေညာခဲ့အပြီးတွင်  စက်သုံးဆီအရောင်းဆိုင်ကုမ္ပဏီများက တိုးမြှင့်မည့်အခွန်နှုန်းထားထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ခဲ့မှုကို ရှင်းလင်းတင်ပြ ရန် စင်ကာပူနိုင်ငံယှဉ်ပြိုင်မှုကြီးကြပ် ရေး ကော်မရှင် (CCS) မှတောင်းဆို လိုက်ပါသည်။စင်ကာပူနိုင်ငံအတွင်း ဓာတ်ဆီ နှင့် ဒီဇယ်ဆီလက်လီရောင်းချမှု ကိုလုပ် ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ကြီး လေး ခုဖြစ်သောChevron (Caltex), ExxonMobil (Esso), Shell ESifh Singapore  Petroleum Comp-any(SPC)တို့သည် ဓာတ်ဆီဈေးနှုန်းများကိုတိုးမြှင့် ကောက်ခံမည့် အခွန် နှုန်းထက်ပိုမို၍ဖေဖော်ဝါရီ ၁၄ရက်တွင် ထပ်ဆောင်းမြှင့်တင်ခဲ့ကြပါသည်။ အရည်အသွေးမြင့်ဓာတ်ဆီနှင့် အလယ်အလတ် အဆင့် ဓာတ်ဆီအတန်းစားနှစ်ခုကို အစိုးရက စင်ကာပူဒေါ်လာ သုည ဒသမ ၂၀နှင့် သုညဒသမ ၁၅ စီအသီး သီး တိုးမြှင့်မည်ဖြစ်သော်လည်းShell ကုမ္ပဏီမှ98-octane အဆင့်မြင့် ဓာတ် ဆီ တစ်လီတာလျှင် စင်ကာပူ ဒေါ်လာသုည ဒသမ ၂၅နှင့် 95-octane အလယ် အလတ်အဆင့် ဓာတ်ဆီ တစ်လီတာ လျှင် စင်ကာပူဒေါ်လာ  သုည  ဒသမ  ၁၈အထိဈေးနှုန်းပိုမိုမြှင့် တင်ခဲ့ပါသည်။ အလားတူ SPC နှင့် Esso ကုမ္ပဏီတို့ သည်လည်း အဆိုပါ ဓါတ်ဆီ အတန်း အစားများအပေါ်ဈေးနှုန်းမြှင့်တင်ခြင်း ကို အစိုးရ၏အခွန် တိုးမြှင့်မှုပမာဏ ထက် စင်ကာပူ ဒေါ်လာ သုည ဒသမ ၀၁ စီ ပိုမိုထပ် ဆောင်းခဲ့ကြပါသည်။ဤကဲ့သို့ဈေးနှုန်းပိုမိုမြှင့်တင်မှု သည် အခွင့်အရေးကိုရယူ၍ အမြတ် ကြီးစား ပြုလုပ်ခြင်းဖြစ်ကြောင်း ပြော ဆိုလျက် ဈေးနှုန်းမြှင့်ရသည့်အကြောင်း အရင်းကို ရှင်းလင်းပြန်ကြားပေးရန် စင်ကာပူစားသုံးသူရေးရာ အသင်း (CASE)  မှအဆိုပါစက်သုံးဆီ ကုမ္ပဏီ များထံသို့အကြောင်းကြားစာ ပေးပို့ခဲ့ ပါသည်။ သို့ဖြစ်၍ ၎င်းင်းကုမ္ပဏီများ အနေဖြင့် ရှင်းလင်းတင်ပြမှုပြုရန CCS မှ ညွှန်ကြားခဲ့ခြင်းဖြစ်ပါသည်။ဖေဖော် ဝါရီ ၂၅ ရက်က သတင်းမီဒီယာများ၏ မေးမြန်းချက်ကိုဖြေကြားရာတွင် CCS အဖွဲ့အစည်းနှင့်စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနတို့အနေဖြင့် စား သုံးသူအားစရိတ်ကျခံစေလျက် လွတ်လပ်စွာယှဉ်ပြိုင်မှုစနစ်ကိုဆန့်ကျင် ပြုမူလုပ်ကိုင်သူမည်သည့်လုပ်ငန်းကိုမဆို လိုအပ်သောအရေးယူဆောင်ရွက်မှုပြု ရန်နှောင့်နှေးမည်မဟုတ်ကြောင်းပြော ဆိုပါသည်။
Straits Times  သတင်းဌာန၏ဖော်ပြချက်အရ စက်သုံးဆီလက်လီ  ဈေးနှုန်းအတက်အကျပြောင်းလဲခြင်းမှာအစိုးရ၏အထူးအခွန်ကောက်ခံမှုတစ်ခု တည်းအပေါ်မူတည်ခြင်း မဟုတ်ဘဲအခြား သောအကြောင်းအချက်များကပါ သက်ရောက် မှုရှိသည်ဟုစက်သုံးဆီ ကုမ္ပဏီများက ချေပပြောဆိုကြကြောင်း သိရှိရပါသည်။ရေနံစိမ်းဈေးနှုန်း၊နိုင်ငံ ခြားငွေလဲနှုန်း၊ ကုန်ထုတ်လုပ်မှုစရိတ်၊ သယ်ယူဖြန့်ဖြူးမှုစရိတ်၊ အရောင်းဆိုင် ဝန်ဆောင်မှုစရိတ်နှင့်အစိုးရကုန်စည်နှင့်ဝန်ဆောင်မှုအခွန် (GST) စသည့် အချက်များကလည်းစက်သုံးဆီဈေး နှုန်းကိုအဆုံးအဖြတ်ပြုရာတွင် ပါဝင်လျက်ရှိကြောင်Shell ကုမ္ပဏီမှ ပြော ဆိုပါသည်။ှChevron ကုမ္ပဏီကလည်း ၎င်းင တို့အနေဖြင့် စင်ကာပူဒေါ်လာ သုည ဒသမ၀၁ထပ်ဆောင်း၍ဈေးနှုန်း မြှင့် တင်ခြင်းမှာCaltex  ပေးဆောင်ရန်လို အပ်ချက်အရဖြစ်ကြောင်းပြောကြားပါ သည်။
ှ့ကုမ္ပဏီသည် ဖေဖော်ဝါရီ ၂၅ရက်တွင် ဓာတ်ဆီ ဈေးနှုန်းများကို တစ်လီတာလျှင် စင်ကာပူဒေါ်လာ သုည ဒသမ ၀၂ဆင့် ပြန်လည်လျှော့ချခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဃ့နလမသည ကုမ္ပဏီသည်၎င်းင်း၏ Caltex စက်သုံးဆီ အရောင်းဆိုင်များတွင်အစိုးရ ၏အခွန်တိုးမြှင့်မှု ပမာဏအတိုင်း ဓာတ်ဆီ ဈေးနှုန်းများကို မြှင့်တင်ခဲ့ သော်လည်း နေ့တွင်းချင်းပင် စင်ကာပူ ဒေါ်လာ သုည ဒသမ၀၃စီပြန်လည် လျှော့ချခဲ့ပါသည်။Chevron အနေ ဖြင့်နိုင်ငံတကာမှ ရေနံကုန်ချောထုတ် လုပ်မှုစရိတ်များကို လေ့လာစောင့် ကြည့်လျက်၎င်းင်းတို့၏ လွတ်လပ်သောဈေးကွက်ဆန်းစစ်ချက်များ အပေါ် အခြေပြု၍စက်သုံးဆီဈေး နှုန်းများကို ချိန်ညှိပြောင်းလဲရောင်းချ မည်ဖြစ်ကြောင်းtodayသတင်းဌာနမှ ဖော်ပြပါ သည်။စင်ကာပူအစိုးရအနေဖြင့် ယခု နှစ်သြဂုတ်လမှစတင်၍ဓာတ်ဆီ အင်ဂျင် သုံးမော်တော်ယာဉ်များအပေါ် လမ်းအသုံးပြုခွန်လျှော့ပေါ့ပေးဆောင် စေ မည့် အစီအစဉ်ကိုတစ်နှစ်တာဆောင် ရွက်မည်ဖြစ်သော်လည်းဓာတ်ဆီအခွန် နှုန်းထားတိုးမြှင့်မှုမှတိုက်ရိုက်အခွန်ငွေ များတိုးမြှင့်ရရှိမည့်အပြင်အရောင်း အဝယ် ပြုသည့်ဈေးနှုန်းပေါ်မှကုန်စည် နှင့် ဝန်ဆောင်မှုအခွန်များကိုပါ တိုးတက်ကောက်ခံရရှိမည်ဖြစ်ပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး