Main menu

Background

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဂျပန်ဒုဝန်ကြီးချုပ်မစ္စတာအာစိုနှင့် တွေ့ဆုံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများဆွေးနွေး

Thu, 06/04/2015 - 21:24 -- journal_editor

အတွဲ(၁၅)အမှတ်(၂၀)

ဂျပန်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မစ္စတာ တာရို အာစိုက မစ်ဆူဘီရှီ၊ မစ်ဇုအိဆူမီတိုမို နှင့် မစ်ဇူဟို  ဘဏ်ကြီးသုံးခုစလုံးအား ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် ဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရှိရေး ရွေးချယ် ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအား ဂျပန် အစိုးရ နှင့်ဂျပန်ပြည်သူများမှ အထူးကျေးဇူး တင်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနှင့် မေလ ၂၁ ရက်နေ့ကတွေ့ဆုံစဉ် ပြောကြားခဲ့ သည်။အခြေခံ အဆောက်အအုံများဖြစ် သည့် ရေ၊ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ လမ်းတံတား၊ လေဆိပ်၊ ရေဆိပ်များ တိုးတက် ကောင်းမွန်ရေးမှာ နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် ကဏ္ဍများဖြစ် ကြောင်း ဝန်ကြီးနှစ်ဦးက နားလည် သဘောပေါက်ကာ မြန်မာနိုင်ငံတွင် ထိုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက် ရေးကိစ္စများကိုဆက်လက်ဆွေးနွေးခဲ့ ကြသည်။
မြန်မာနိုင်ငံအတွက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအခြေခံကောင်း များဖြစ် ပေါ်လာရေးအတွက် ဂျပန်နိုင်ငံမှပေး အပ်သည့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီ အထောက်အပံ့ (အိုဒီအေ) များအတွက် မြန်မာအစိုးရနှင့် ပြည်သူ များမှ ကျေးဇူးတင်လျက်ရှိပါကြောင်း လည်းပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း က ပြောကြားခဲ့သည်။သီလဝါအထူးစီးပွားရေးဇုန် အဆင့်နှစ်စီမံကိန်းအဆိုပြုချက်ကိုပြင် ဆင်ဆောင်ရွက်လျက်ရှိပြီး မိမိတို့ အစိုးရ အနေဖြင့် မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဖွံ့ဖြိုးမှုအသီးအပွင့်များကို မြန်မာနိုင်ငံသူနိုင်ငံသားများ ရရှိခံစား နိုင်ရေးအတွက် အခြေခံကောင်းများကို လမ်းခင်းချမှတ် ဆောင်ရွက်ပေးထား လျက်ရှိရာနောင်တက်လာမည့် မည် သည့် အစိုးရမဆို ချမှတ်ထားသည့် ဖွံ့ဖြိုးမှု လမ်းစဉ်အတိုင်း လျှောက်လှမ်း သွားပါက တိုးတက်အောင်မြင်မှု ရရှိ မည် ဟု  ယုံကြည်ကြောင်းလည်းပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး  ရေးအတွက် ဘဏ္ဍာရေး၊ ဘဏ်လုပ် ငန်းတို့နှင့်သက်ဆိုင်သည့်သင်တန်း များ ပို့ချပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြန်မာနိုင်ငံမှဘဏ္ဍာ ရေး ဝန်ကြီးနှင့်ဆက်လက်၍ ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ပြည်ထောင်စုဝန်ကြီးကဂျပန်နိုင်ငံအနေဖြင့် အဆိုပါ သင်တန်း များဖွင့်လှစ်ရေးကြိုးပမ်းမှုကိုကြိုဆိုပါ ကြောင်းနှင့်၎င်းင်းအနေဖြင့် လိုအပ်သည် များကို  ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။       
  မင်းဇော်ဦး၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ တိုကျိုမြို့