Main menu

Background

အမေရိကန်နိုင်ငံ၏ ၂၀၁၅ ခုနှစ်၊ မတ်လ ကုန်သွယ်ရေးလိုငွေ ခြောက်နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

Fri, 06/05/2015 - 19:58 -- journal_editor

အတွဲ(၁၅)အမှတ်(၂၀)

အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ မတ်လ၌ ကုန်စည်နှင့်ဝန်ဆောင်မှု နှစ်ရပ်ပေါင်း၏ ကုန်သွယ်ရေးလိုငွေ သည် အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိခဲ့သဖြင့် ဖေဖော်ဝါရီလရှိ ပြန်လည်ပြင်ဆင်သုံး သပ်ထားသည့် ကုန်သွယ်ရေးလိုငွေ ပမာဏ ဒေါ်လာ ၃၅ ဒသမ ၉ ဘီလီယံ ထက် ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ မြင့်တက်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက မေလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ မတ်လရှိ ကုန်သွယ်ရေး လိုငွေသည် အမေရိကန် ဒေါ်လာ ၇၀ ဒသမ ၆ ဘီလီယံဖြစ်၍ ယခင်လထက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံမြင့်တက်ပြီး ဝန် ဆောင်မှုကုန် သွယ်ရေးပိုငွေသည်ဒေါ်လာ ၁၉ ဒသမ ၂ ဘီလီယံဖြစ်၍ ဖေဖော်ဝါရီ လထက် ဒေါ်လာ သုည ဒသမ ၆ ဘီလီယံ လျော့ ကျခဲ့ပါသည်။ ယခုနှစ် မတ်လရှိ ကုန် သွယ်ရေးလိုငွေသည် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းတွင် အမြင့် ဆုံးဖြစ်ကြောင်း သိရှိရ ပါသည်။
ယခုနှစ် မတ်လတွင် ပို့ကုန်  ပမာဏ ဒေါ်လာ ၁၈၇ ဒသမ ၈ ဘီလီယံ ဖြစ်၍ ဖေဖော်ဝါရီလထက် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ပိုမိုခဲ့သော်လည်း သွင်းကုန်မှာ ဒေါ်လာ ၂၃၉ ဒသမ ၂ ဘီလီယံဖြစ်၍ ယခင်လ ထက်ဒေါ်လာ ၁၇ ဒသမ ၁ ဘီလီယံပို မိုခဲ့ပါသည်။
ယခင်နှစ် ကာလတူရှိကုန်သွယ်ရေးလိုငွေဖြစ်ပေါ်မှုနှင့်နှိုင်းယှဉ်ပါက ယခုနှစ် မတ်လတွင်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ သို့မဟုတ် ၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ပို့ကုန်တင်ပို့နိုင်မှုမှာ ၂၀၁၄ ခုနှစ်၊ မတ်လပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ သို့မဟုတ် နှစ်ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး သွင်း ကုန်သည်လည်း ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ သို့မဟုတ် သုည ဒသမ ၈ ရာခိုင်နှုန်းလျော့နည်းခဲ့ပါ သည်။
အမေရိကန်နိုင်ငံသည် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်ရာတွင် ၂၀၁၅ ခုနှစ်၊ မတ်လ၌ တောင်အမေရိက နှင့် ဗဟိုအမေရိကနိုင်ငံများ ဘရာဇီးနိုင်ငံ ဥဏနဃ နိုင်ငံများနှင့်ကုန်သွယ်မှု အသာ စီးရပြီး ကုန်သွယ်ရေးပိုငွေဖြစ် ပေါ်ခဲ့ပါ သည်။ သို့သော်လည်း တရုတ်၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ ဂျာမနီ၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ အီတလီ၊ အိန္ဒိယ၊ ပြင်သစ်၊ ကနေဒါ၊ ယူနိုက်တက်ကင်း ဒမ်းနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့နှင့်မူ ကုန်သွယ်ရေးလိုငွေဖြစ် ပေါ်ခဲ့ပါသည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဝါရှင်တန်မြို့