အတွဲ(၁၅)အမှတ်(၂၀)
ဖလန်းမစ်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာ့စီးပွားရေး အခွင့်အလမ်းများ ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်အား ဘယ်လ်ဂျီယံနိုင်ငံ ဗညအတနမစ မြို့၌ မေလ ၂၆ ရက် ညနေ ၁၈ါ်၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဆေးပစ္စည်း ကိရိယာများလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ စီးပွားရေးဆိုင်ရာဝန် ဆောင်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာလုပ် ငန်းစသည့် လုပ်ငန်းနယ်ပယ်များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာသံ အမတ်ကြီး ဦးပေါ်လွင်စိန်က မြန်မာ့ စီးပွားရေးအလားအလာများနှင့်အခွင့် အလမ်းများအကြောင်းကို ဆွေးနွေးခဲ့ပြီး နောက် တက်ရောက်လာသော ဘယ်လ်ဂျီယံကုမ္ပဏီများမှ တာဝန်ရှိသူ များ၏ မေးမြန်းချက်များအား ဖြေကြား ဆွေးနွေးခဲ့ပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့