Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံတွင်ကိုရီးယား ကားကုမ္ပဏီက ရင်းနှီးမြှုပ်နှံမည်

Fri, 06/05/2015 - 21:05 -- journal_editor

အတွဲ(၁၅)အမှတ်(၂၀)

ကိုရီးယား ကားများဖြစ်သည့် Hundai နှင့် KIA ဆိုင်ရာ ကားအပို ပစ္စည်းများအား ဥရောပဈေးကွက်သို့ ဖြန့်ချိသည့် ကုမ္ပဏီတစ်ခုဖြစ်သောHundai Mobis Europe (HME) သည် ၎င်းင်း၏ ဖြန့်ချိရေးစင်တာသစ် တစ်ခု အား ဘယ်လ်ဂျီယံနိုင်ငံLimburg ပြည် နယ်တွင် တည်ဆောက်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။ အဆိုပါ ကုမ္ပဏီသည် ဘယ်လ် ဂျီယံနိုင်ငံရှိ ၎င်းင်း၏ လုပ်ငန်းစီမံချက် အတွက် ယူရိုသန်း ၅၀ ခန့်ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း Flanders Today တွင်ဖော်ပြထားချက်အရ သိရသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့