Main menu

Background

စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပို့ချမည်

Tue, 06/16/2015 - 20:08 -- journal_editor

စင်ကာပူအခြေစိုက် ကုမ္ပဏီများ က မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင်    အထောက်အကူဖြစ် စေရန်အတွက် သင်ကြားရေးဆွေးနွေး ပွဲတစ်ရပ်ကို စင်ကာပူနိုင်ငံရှိအစိုးရနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်း များနှင့် မြန်မာနိုင်ငံတို့  ပူးပေါင်းစီစဉ်မှုဖြင့် ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၀ ရက်နေ့အထိကျင်းပမည် ဖြစ်ပါသည်။
International Business Fell-owship-Executive Programme on Myanmar   ခေါင်းစဉ်ဖြင့်ကျင်းပမည့် ဤဆွေးနွေးပွဲ၌   မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှုနှင့်ပတ်သက်သည့်   သိကောင်းစရာများနှင့်
ကွန်ရက်ချိတ်ဆက် ထူထောင်မှုဆိုင်ရာ များအား စင်ကာပူကုမ္ပဏီများ၏ အမှု ဆောင်အရာရှိများသို့ ရှင်းလင်းပို့ချပေး မည်ဖြစ်ရာ စိတ်ပါဝင်စားသူ  အသင်း ဝင်ကုမ္ပဏီများအနေဖြင့်၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့  နောက်ဆုံး ထား၍ မှတ်ပုံတင်စာရင်းပေးကြရန် စင်ကာပူစီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ် (SBF) မှ နှိုးဆော်ထားပါသည်။ယခုသင်ကြားရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ၌စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စင်ကာပူ ကုမ္ပဏီ များနှင့်မြန်မာဈေးကွက်သို့ ဝင် ရောက်ရန် တာစူလျက်ရှိသော စင်ကာပူ အခြေစိုက်လုပ်ငန်းများမှ အကြီးတန်း စီမံခန့်ခွဲသူများ၊ စင်ကာပူနှင့်မြန်မာ နှစ်နိုင်ငံအကြားစီးပွားရေးရာလှုပ်ရှားဆောင်ရွက်မှုများကို ကူညီပံ့ပိုးလျက်ရှိ သော အစိုးရအဖွဲ့အစည်းများမှ အဆင့် မြင့်အရာရှိများအတွက်ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း၊ ပို့ချမည့်ခေါင်းစဉ်များ မှာမြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေအပေါ် လေ့လာသုံးသပ်ချက်များ၊ မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသည့် အခွန် ထမ်းဆောင်မှုနှင့်ဥပဒေကြောင်း ဆိုင်ရာ ကိစ္စရပ်များ၊လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုှနှင့်အလုပ်သမားကိစ္စ ရပ်များ၊ မြန်မာနိုင်ငံအတွင်း စီးပွားရေး လုပ်ကိုင်ရန် ရန်ပုံငွေကြေးဖြည့်ဆည်း ရာ၌ ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများစသည်တို့ကို လွှမ်းခြုံဆွေးနွေးမည် ဖြစ်ကြောင်း ဆွေးနွေးပွဲအစီအစဉ်ပြီးဆုံးချိန်၌   တက်ရောက်လာသူများ အနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုဥပဒေနှင့်   လုပ်ထုံးလုပ်နည်းများ အောက်တွင် စီးပွားရေး လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို မည်သို့ကိုင်တွယ် ဖြေ ရှင်းဆောင်ရွက်ရမည်ကို သိရှိနားလည် လာမည်ဖြစ်ကြောင်း စသည်ဖြင့်SBFမှ၎င်းင်း၏ အသင်းသားများထံပေးပို့သည့် အကြောင်းကြားစာ၌ ဖော်ပြပါသည်။
ဤဆွေးနွေးပွဲသို့ တက်ရောက်ရာတွင် သင်တန်းကြေးအဖြစ်စင်ကာပူ ဒေါ်လာ ၄၀၀၀ သတ်မှတ်ထားရှိပြီး လေယာဉ်ခ၊ ဟိုတယ်ခနှင့်အခြားစရိတ် စကများကိုဆွေးနွေးပွဲတက်ရောက်သူမှ ကျခံရမည်ဖြစ်ပါသည်။ စင်ကာပူ နိုင်ငံ သား သို့မဟုတ် စင်ကာပူအခြေစိုက် ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေ သော အမြဲတမ်းနေထိုင်ခွင့်PR လက် မှတ်ကိုင်ဆောင်သူဖြစ်ပါက စင်ကာပူ အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဖွဲ့ အစည်း(SBF Singapore) မှ သင် တန်း ကြေး၏ ၇၀ ရာခိုင်နှုန်းကို စိုက်ထုတ်ကျ ခံပေးမည်ဖြစ်သည်။SBF၏ဖော်ပြချက်အရ ဆွေးနွေးပွဲတက်ရောက်သူ သင်တန်းသားဦးရေကို ၃၀ ဦးအထိသာ လက်ခံမည်ဖြစ်ကြောင်း၊ သင်တန်းပြီး ဆုံးချိန် ၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်မှ အသိအမှတ်ပြု လက်မှတ်ပေး အပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့