Main menu

Background

အိန္ဒိယနိုင်ငံထုတ် မက်ဂီအမှတ်တံဆိပ် အသင့်စား ခေါက်ဆွဲထုပ်များ ရောင်းချမှုအား စင်ကာပူနိုင်ငံ၌ ယာယီရပ်ဆိုင်း

Tue, 06/16/2015 - 20:10 -- journal_editor

အိန္ဒိယနိုင်ငံ၊   နယူးဒေလီနှင့် ဥတ္တရာပရာဒေ့ရှ်ဒေသများတွင် ရောင်း ချလျက်ရှိသော မက်ဂီ(Maggi)အမှတ် တံဆိပ် အသင့်စားခေါက်ဆွဲထုပ်များ၌ ခဲသတ္တုဓာတ်  ပါဝင်မှုမှာကန့်သတ်ပမာဏထက် ကျော်လွန်လျက်ရှိသည် ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်း ထွက်ပေါ်ခဲ့အပြီးတွင် စာတမ်းပါMade in India  အိန္ဒိယနိုင်ငံထုတ်  မက်ဂီ ခေါက်ဆွဲထုပ်များအား    ဈေးကွက် အတွင်း   ရောင်းချခြင်းကို ယာယီရပ် ဆိုင်းထားရန် စင်ကာပူလယ်ယာထွက် အစားအစာနှင့်  တိရစ္ဆာန်မွေးမြူရေး ဆိုင်ရာ    အာဏာပိုင်အဖွဲ့ (AVA)က စားသောက်ကုန်  တင်သွင်းသူများသို့ ၂၀၁၅ ခုနှစ် ဇွန်လ ၄ရက်နေ့၌ ပြော ကြားခဲ့ပါသည်။
အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေး ကြိုတင်ကာကွယ်မှု လုပ်ဆောင်ချက်တစ်ရပ်အဖြစ် AVA  သည် မက်ဂီခေါက်ဆွဲထုပ်နမူနာများ အား ရယူစစ်ဆေးလျက်ရှိပြီး တွေ့ရှိရသည့်ရလဒ်အပေါ်မူတည်၍ သက်ဆိုင် ရာ  တင်သွင်းသူ  ကုန်သည်များထံသို့ ရောင်းချမှုရပ်ဆိုင်းရန်  ညွှန်ကြားမည် ဖြစ်ပါသည်။ စင်ကာပူဈေးကွက်၌ ဆွစ် ဇာလန်နိုင်ငံ  အခြေစိုက်  နက်စလေ ကုမ္ပဏီ၏ လက်အောက်ခံ လုပ်ငန်းခွဲ ဖြစ်သောNestle Singapore သည် မလေးရှားနိုင်ငံ၌ ထုတ်လုပ်သည့် မက်ဂီခေါက်ဆွဲထုပ်များအား တင်သွင်း လျက်ရှိသကဲ့သို့အချို့သော ကုန်သည် များကလည်း အိန္ဒိယနိုင်ငံထုတ် မဆလာအရသာ    အသင့်စား မက်ဂီ ခေါက်ဆွဲထုပ်များကို   တင်သွင်းလျက် ရှိကြပါသည်။ယခုကိစ္စရပ်နှင့်      ပတ်သက်၍ စင်ကာပူနိုင်ငံရှိ  နက်စလေကုမ္ပဏီက ၎င်းင်းတို့၏   ထုတ်ကုန်များမှာ ဒေသခံ စားသောက်ကုန်ဥပဒေ၊   လုပ်ထုံးလုပ် နည်းများနှင့်အညီ  ထုတ်လုပ်ဖြန့်ဖြူး ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အစားအစာ ဘေးအန္တရာယ်  ကင်းရှင်းရေးဆိုင်ရာ အလုံးစုံ    စစ်ဆေးစမ်းသပ်မှုကိုလည်းလိုက်နာ   ဆောင်ရွက်လျက်ရှိကြောင်း ဖြင့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့ပါသည်StraitsTimes။သတင်းဌာန၏ ဖော်ပြ ချက် အရ စင်ကာပူနိုင်ငံ HLittle India  အရပ်ဒေသရှိစားသောက်ကုန် လက်လီ အရောင်းဆိုင်များအနေဖြင့်  Made in India   စာတမ်းပါ မဆလာအရသာနှင့်ဟင်းသီးဟင်းရွက်အရသာ   မက်ဂီခေါက်ဆွဲထုပ်များအား   ဆက်လက် ရောင်းချမှုမပြုဘဲ ဇွန် ၅ ရက်နံနက်ပိုင်းမှ စတင်၍ ၎င်းင်းတို့၏ သိုလှောင်ရုံများသို့ ပြန်လည်ပို့ဆောင် သိမ်းဆည်းလျက်ရှိ ကြောင်း၊   ဤသို့ဆောင်ရွက်ခြင်းမှာ ၎င်းင်းတို့၏   စီးပွားရေးလုပ်ငန်းရပ်များ အပေါ် ထိခိုက်ဖွယ်ရာမရှိဟု   လက်လီ အရောင်းဆိုင်များက    ပြောဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့