Main menu

Background

အမေရိကန်နိုင်ငံ၏ ပထမသုံးလစီးပွားရေး တိုးတက်မှုနှုန်းကျဆင်း

Tue, 06/16/2015 - 20:11 -- journal_editor

အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှမတ်လအတွင်း စီးပွားရေးတိုးတက်မှုနှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ပထမသုံးလတာကာလအတွက်ကနဦးခန့်မှန်းချက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့ သော်လည်း ယခုထုတ်ပြန်သည့် ဒုတိယ အကြိမ် ပြန်လည်ပြင်ဆင်သုံးသပ်ထား သည့် ခန့်မှန်းချက်တွင်စီးပွားရေး ကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့က ကြေညာခဲ့ပါသည်။ပြီးခဲ့သည့်ဆောင်းရာသီတွင် အအေးလွန်ကဲမှုကြောင့် တစ်ဦးချင်း စားသုံးမှုနှင့် private inventory investment တို့ ကျဆင်းခဲ့ရပါသည်။ တစ်ဦးချင်းစားသုံးမှုသည် ၂၀၁၄ ခုနှစ်၊စတုတ္ထသုံးလပတ်ကာလတွင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ပထမသုံးလပတ်တာ ကာလတွင် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။Nonresidential fixed investment  သည် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှ   ဒီဇင်ဘာလ အတွင်း ၄ ဒသမ ၇   ရာခိုင်နှုန်း တိုး တက်ခဲ့သော်လည်း    ယခုနှစ်ပထမ သုံးလအတွင်း  ၂ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
ထို့အပြင် ပို့ကုန် တင်ပို့မှုသည် ပထမသုံးလအတွင်း ၇ ဒသမ ၆ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန်တင်သွင်းမှု မှာမူ ၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါ သည်။
အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့။