Main menu

Background

ထားဝယ်စီမံကိန်းတွင် တန်းတူမဲပေးပိုင်ခွင့်ရရန် ထိုင်းနိုင်ငံက အဆိုပြုမည်

Tue, 06/16/2015 - 20:12 -- journal_editor

ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သတ်ှု ဂျပန်အနေဖြင့် ၎င်းထက်အစုရှယ်ယာ ပိုင်ဆိုင်မှုများလျှင်ပင် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဂျပန်မှ ဆုံးဖြတ်ခြင်းကို မလိုလားသောကြောင့်  ဆန္ဒပြု /မဲခွဲဆုံးဖြတ်ရာတွငတန်းတူအခွင့်အရေးရရှိရန် အဆိုပြုတင်ပြမည် ဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ပူုးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NEDA)မှပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းနေရာနှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီ ကို ဆက်သွယ်မည့် 138 ကီလိုမီတာရှည်သည့် ကားလမ်းတည်ဆောက်ရန် ကတိပြုပြီးနောက် ဂျပန်အစိုးရအနေဖြင့်  ထားဝယ်စီမံကိန်းအား ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သုံးနိုင်ငံသဘောတူစာချုပ်ကို ဇူလိုင်လတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ ဖြိုးမှုအဖွဲ့ (NESDB) အတွင်းရေးမှူးချုုပ်က အစောပိုင်းတွင် ပြောကြားခဲ့ပါသည်၊၊
ဂျပန်အနေဖြင့် ရင်းနှီးငွေ ရှိသကဲ့သို့ ၎င်း၏ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း သံမဏိ၊ မော်တော်ကားလုပ်ငန်းစသည်ဖြင့် များစွာသော လုပ်ငန်းများတွင်ဦးဆောင်နေသူများဖြစ်သောကြောင့်  ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် စီမံကိန်း၏ အလားအလာကို မြှင့်တင်ပေးးမည်ဟု ယူဆထားကြပါသည်။ ထားဝယ်စီမံကိန်းဖွံဖြိုးရေးအတွက်မဟာစီမံကိန်းရေးဆွဲခြင်းသည် ယခုနှစ်တတိယသုံးလပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း နောက်ဆုံး အတည်ပြုချက်ရယူရန် မြန်မာနိုင်ငံအစိုးရထံသို့ ပေးပို့မည်ဖြစ်ကြောင်း ၊ အဆိုပါမဟာ စီမံကိန်းကို NEDA မှ ငှားရမ်းထားသော ပြည်ပအကြံပေး ပုဂိူလ်မှ ရေးဆွဲနေခြင်းကြောင်းသိရှိရပါသည်။

ရီရီမွန်၊စီးပွားရေးသံမှုုး၊မြန်မာသံရုံး၊ဗန်ကောက်မြို့