Main menu

Background

မဲဆောက် အထူးစီးပွားရေးဇုန်အတွက် အသုံးစရိတ် ခွင့်ပြုချက်ရရှိ

Wed, 06/17/2015 - 18:46 -- journal_editor

ထိုင်းနိုင်ငံ   အစိုးရအဖွဲ့သည် ဒုတိယမြောက် ထိုင်း-မြန်မာMoei  မြစ် ကူးတံတားနှင့် လေးလမ်းသွားကားလမ်း တည်ဆောက်ရန်  အသုံးစရိတ် ဘတ် ၃ ဒသမ ၉ ဘီလီယံကို ဇွန်လ ၂ ရက်က  အတည်ပြုပေးခဲ့ပါသည်။ ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့်  မဲဆောက်အထူး စီးပွားရေးဇုန်အတွက် အထောက်အကူ ဖြစ်စေရန် အဆိုပါ အသုံးစရိတ်ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူMr. San-sern ကပြောကြားခဲ့ပါသည်။
အဆိုပါ မြစ်ကူးတံတား နှင့်၂၁ ဒသမ ၄ ကီလိုမီတာရှည်သည့် ကားလမ်းသည် နယ်စပ်ဒေသများရှိ ကုန် သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လျင်မြန်ချောမွေ့စေမည်ဖြစ်ပါသည်။ ခွင့်ပြုပေးလိုက်သည့် အသုံးစရိတ်အနက် ဘတ်သန်း ၅၀၀ ကို ၂၀၁၅ ဘဏ္ဍာနှစ် အသုံးစရိတ်မှလည်းကောင်း၊ ဘတ် ၃ ဒသမ ၂၅ ဘီလီယံကို ၂၀၁၆ ဘဏ္ဍာ နှစ် အသုံးစရိတ်မှလည်းကောင်း၊ ဘတ် သန်း၁၅၀ ကို ၂၀၁၇ ဘဏ္ဍာနှစ် အသုံး စရိတ်မှလည်းကောင်း အသီးသီးခွဲဝေထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
Mr.Sansern ရဲ့ ပြောကြားချက် အရ ခွင့်ပြုပေးလိုက်သည့် အသုံးစရိတ် တွင် မြန်မာနိုင်ငံအား ငွေကြေးအထောက် အပံ့အဖြစ် ပေးမည့် ဘတ် တစ်ဘီလီယံ ပါဝင်ပါသည်။ အစိုးရအဖွဲ့၏ ခွင့်ပြု ချက် ရရှိပြီးဖြစ်ရာ လုပ်ငန်းဆောင်ရွက် ခွင့်ပေးခြင်းကို ယခုလ နှောင်းပိုင်းတွင် အပြီးသတ်ဆောင်ရွက်၍ စက်တင် ဘာလတွင် တည်ဆောက်ရေးလုပ်ငန်း စတင်နိုင်မည်ဟု ခန့်မှန်းထားကြပါ သည်။
ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မဲဆောက်လေဆိပ်အား ပြုပြင်ဆောက် လုပ်ခြင်း၊ တိုးချဲ့ခြင်းများကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ၏ အထူး စီးပွားရေးဇုန်များတွင် အလုပ်လုပ် လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမားများရွှေ့ပြောင်းမှု အဆင် ပြေချောမွေ့စေရန်အတွက် မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံများနှင့်နယ်စပ်ဖြတ် ကျော် ကုန်သွယ်မှုဆိုင်ရာ သဘောတူ စာချုပ် များ ပြင်ဆင်ခြင်းကိုလည်း ဇွန် လ ၂ ရက်နေ့၌ အစိုးရအဖွဲ့ကအတည် ပြုပေးခဲ့ကြောင်း၊ သဘောတူစာချုပ် များတွင် မယ်ဆိုင်-တာချီလိတ်၊ မဲ ဆောက်-မြဝတီ၊ ဘန်ပူနာရွမ်၊ ဆင်ခွန်း စစ်ဆေးရေးဂိတ်များ အကျုံးဝင်ကြောင်း သိရှိရပါသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊