Main menu

Background

ကမ္ဘာ့အကြီးဆုံး လက်လီအရောင်းဆိုင်လုပ်ငန်းကြီး နှစ်ခုအား ပင်လယ်စာများတွင် ပဋိဇီဝဆေးများ အသုံးပြုမှုနှင့်စပ်လျဉ်း၍ သတိပေးချက်ထုတ်ပြန်

Wed, 06/17/2015 - 18:50 -- journal_editor

အမေရိကန်နိုင်ငံ အာကင်ဆက်ပြည်နယ်တွင်  အခြေစိုက်သည့်Walmart  သည် ကမ္ဘာ့အကြီးဆုံးလက်လီအရောင်းဆိုင်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး အစားအသောက်များကို လက်လီရောင်းချသည့် ဆိုင်ခွဲပေါင်းများစွာရှိသည့် ကုမ္ပဏီကြီးဖြစ်ပါသည်။Walmart  သည် ၎င်းင်း၏ ပင်လယ်စာပေးသွင်းသူ များအား ပင်လယ်စာများတွင် ပဋိဇီဝဆေးများ အသုံးပြုမှုကိုကန့်သတ်ကြောင်းနှင့် တိရစ္ဆာန် ဆေး ဝါးကွပ်ကဲရေးအဖွဲ့မှ  လက်ခံနိုင်မည့် အချက် အလက်များနှင့်စပ်လျဉ်းသည့် လမ်းညွှန်ချက်တစ် စောင်ကို မေလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
ပဋိဇီဝဆေးများသည် တိရစ္ဆာန်များကျန်းမာ ရေးအတွက် အရေးကြီးသော်လည်း လူသားများ တွင် ဆိုးကျိုးသက်ရောက်မှုမဖြစ်စေရန် ထိန်းသိမ်း သည့်အနေဖြင့် အဆိုပါဆေးများကို တာဝန်ယူမှု ရှိရှိ အသုံးပြုရနWalmart ကုမ္ပဏီသည် ပင်လယ် စာထုတ်လုပ်သူများအား တိုက်တွန်းခဲ့ပါသည်။
တာဝန်ယူမှုရှိရှိအသုံးပြုခြင်းတွင် နှိုင်းချိန်အသုံးပြုသည့်စည်းမျဉ်းများကို လိုက်နာအကောင် အထည်ဖော်ခြင်း ဥပမာအားဖြင့် American Veterinary Medical Association (AVMA) မှချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ နှိုင်းချိန်အသုံးပြု ခြင်းတွင် ရောဂါကာကွယ်ရေးဗျူဟာများ ချမှတ် ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကို ကြီးကြပ်ခြင်း၊ မှတ်တမ်းများ စနစ်တကျနှင့်တိတိ ကျကျ ဆောင်ရွက်ထားရှိခြင်းနှင့်ပဋိဇီဝဆေးများ မသုံးမီ သေချာစွာ လေ့လာသုံးသပ်ခြင်းတို့ ပါဝင် ပါသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင်Walmart  ကုမ္ပဏီသို့ ပင်လယ်စာများ တင်သွင်းသည့် ကုမ္ပဏီ များအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖက်ဒရယ် အစိုးရ၊ ပြည်နယ်အစိုးရနှင့်ဒေသအစိုးရတို့၏ ဥပဒေ၊ စည်းမျဉ်းများကိုသာမကWalmart ကုမ္ပဏီ၏ အစားအစာ ဘေးအန္တရာယ်ကင်းရှင်း ရေး စံသတ်မှတ်ချက်များကို လိုက်နာရန်လည်း လိုအပ်ကြောင်း၊ အဆိုပါကုမ္ပဏီများအနေဖြင့် AVMA Judicious Use Principles of Antimi-crobials ကို လိုက်နာကျင့်သုံး အကောင်အထည် ဖော် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြ ထားပါသည်။ တိရစ္ဆာန်ကြီးထွားမှုအတွက် ပဋိဇီ၀ ဆေးများကို အသုံးမပြုရန်လည်းကုမ္ပဏီမှ ဖြည့်စွက် ပြောကြားပါသည်။                      
 အေးစန္ဒာလွင်၊
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့
မြန်မာသံရုံး၊ ဗန်ကောက်မြို့