Main menu

Background

ထိုင်းပြည်ပတင်ပို့မှု ပြန်လည် ကောင်းမွန်မြင့်တက်လာမည်ဟု ယုံကြည်မှုရှိ

Wed, 06/17/2015 - 18:54 -- journal_editor

ဘတ်ငွေတန်ဖိုး(ရောင်းဝယ်သည့်နှုန်း) သည် အမေရိကန်တစ်ဒေါ်လာ လျှင် ၃၃ ဘတ်နှင့်၃၄ ဘတ် အကြားရှိ နေမည်ဆိုပါက ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုသည် ယခုနှစ်တွင် တိုးတက်မှုရှိနိုင်သည့် အလားအလာ ရှိနေဆဲဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
ဘတ်ငွေတန်ဖိုးကျဆင်းနေခြင်း၏ တွန်းအား ပေးမှုဖြင့် ပြည်ပတင်ပို့မှုသည် ယခုနှစ် ဒုတိယနှစ်ဝက်၌ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စတာရမ်ဆန် ကပြောကြားခဲ့ပါသည်။
ဧပြီလ၌ ပြည်ပတင်ပို့မှုသည် ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း၍ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံရှိရာ ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုသည် လေးလဆက် တိုက် ကျဆင်းခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်ပထမလေးလအတွင်း ပြည်ပတင်ပို့မှုသည် ၃ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်း၍ အမေရိကန် ဒေါ်လာ ၇၀ ဒသမ ၃ ဘီလီယံရှိခဲ့ ပါသည်။
သို့ရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပတင်ပို့ မှု အလားအလာ အပေါ် ယုံကြည်နေဆဲဖြစ်ကြောင်း ပြည်ပတင်ပို့မှုသည် ယခုနှစ် စီးပွားရေးမြင့် တက်မှုအတွက် အဓိကအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုး တက်မှုနှုန်း   ခန့်မှန်းချက်ကို ၃ ဒသမ ၇ ရာခိုင်နှုန်း မှာပင်ထားရှိဆဲဖြစ်ကြောင်း မစ္စတာရမ်ဆန်က ပြောကြားခဲ့ပါသည်။
များစွာသော စီမံကိန်းများအတွက် အသုံးစရိတ် ခွဲဝေထုတ်ပေးမှုကို အပြည့် အဝဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ရင်းနှီးမြှုုပ်နှံမှု စီမံကိန်းများသည် အချိန် ယူနိုင်ကြောင်း သို့ရာတွင် ဒုတိယနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့် တက်လာ မည်ဟု ခန့်မှန်းထားကြောင်း အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေနည်းသူများအား ကူညီထောက်ပံ့မည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အစိုးရသည် အတိုးနှုန်းသက်သာသော ချေးငွေများ ကမ်းလှမ်းပေးမည့် ဇွန်လ ငွေကြေးပြပွဲ(june money expo) ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့