Main menu

Background

ဂျပန်၏ အိမ်သုံးလျှပ်စစ်ပစ္စည်းကြီးရောင်းချရမှုအခြေအနေ ဆက်လက် မြင့်တက်ခဲ့

Tue, 10/27/2020 - 09:57 -- journal_editor

ဂျပန်နိုင်ငံတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းကြီးများ ရောင်းချရမှုသည် ဧပြီလမှ စက်တင်ဘာ လအတွင်း ဆက်လက် မြင့်မားနေကြောင်း သိရပါသည်။  အကြောင်းအရင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတောအတွင်း လူအများ အိမ်မှာနေကြသည့်အတွက် ယခုကဲ့ သို့ အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းအား မြင့်တက်လာခြင်းဖြစ်ပါသည်။

ဂျပန်ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သူများအဖွဲ့က ပြီးခဲ့သည့် ၆ လအတွက် ဂျပန်ပြည်တွင်း အိမ်သုံးလျှပ်စစ်ပစ္စည်းကြီးများ ရောင်းချရမှုသည် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံဖိုးခန့်အထိ ရှိပါ ကြောင်း၊  ၎င်းတန်ဖိုးသည် ယန်းငွေတန်ဖိုးအားဖြင့် ပြီးခဲ့တဲ့နှစ်ကထက် ၀.၈ % လျော့နည်းခဲ့သော် လည်း ပြီးခဲ့သည့် ဆယ်စုနှစ်ကာလတစ်ခုအတွင်း ဒုတိယမြောက် အမြင့်ဆုံး ကိန်းဂဏန်း ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

လေသန့်စင်စက်များ ရောင်းချရမှုသည် ၆၆.၉% မြင့်တက်ခဲ့ပြီး လျှပ်စစ်အကင်အိုးများ ရောင်းချရမှုနှုန်းမှာ ၅၂.၇% မြင့်တက်ခဲ့ပါသည်။ လေအေးပေးစက်ရောင်းချရမှုမှာလည်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

 

နန္ဒာဝင်း

စီးပွားရေးသံမှူး၊ တိုကျိုမြို့