Main menu

Background

ပဲစင်းငုံများ နောက်ဆုံးထားတင်သွင်းရမည့် နေ့ရက်အား ၃၁-၁၂-၂၀၂၀ နေ့ အထိ အိန္ဒိယအစိုးရက တိုးမြှင့်ခွင့်ပြု

Wed, 10/28/2020 - 13:03 -- journal_editor

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ပြည်တွင်းရှိ ပဲခွဲစက်လုပ်ငန်းရှင်များသို့ ကိုတာခွဲဝေပေးမှုနှင့်အတူ ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယဆိပ်ကမ်းသို့အရောက် တင်သွင်းရမည်ဖြစ်ကြောင်းကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁၃-၁၀-၂၀၂၀ နေ့တွင် ၎င်း၏ဒေသဆိုင်ရာ DGFT ရုံးခွဲများသို့ အကြောင်းကြားစာထုတ်ပြန်ခဲ့သည်။

          သို့ရာတွင် မြန်မာနိုင်ငံ၌ အိန္ဒိယသို့တင်ပို့ရန် ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် ကျန်ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တားဆီးထိန်းချုပ်မှုများအား ဆောင်ရွက်နေချိန်၌  ၁ လတာ ကာလ အတွင်း အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက်တင်ပို့နိုင်ရန်မှာ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ခက်ခဲမှုရှိသဖြင့် နေ့ရက်တိုးမြှင့်ပေးရန် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန သို့ မေတ္တာရပ်ခံ ညှိနှိုင်းခဲ့ပါသည်။

          ယခုအခါ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန Directorate General of Foreign Trade (DGFT) က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကန့်သတ်တင်သွင်းခွင့်ပြုထား သည့် ပဲစင်းငုံတန်ချိန် ၄ သိန်းအား ၁၅-၁၁-၂၀၂၀ နေ့ နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်း များသို့အရောက် တင်သွင်းရန် သတ်မှတ်ထားရာမှ ၃၁-၁၂-၂၀၂၀ နေ့အထိ တိုးမြှင့်ခွင့်ပြုလိုက် ကြောင်း ၂၆-၁၀-၂၀၂၀ နေ့တွင် အများပြည်သူဆိုင်ရာ အသိပေးချက်အမှတ် ၂၇/ ၂၀၁၅-၂၀၂၀ ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

          အဆိုပါကြေညာချက်အရ HS Code 70136000 အောက်ရှိ ပဲစင်းငုံ (Pigeon Peas) များ အား နောက်ဆုံးထားတင်သွင်းရမည့်နေ့ရက်ကို တိုးမြှင့်မှုနှင့်အတူ ကုန်စည်များ ကူးသန်းရောင်း ဝယ်ခြင်းအတွက် ငွေပေးချေမှု Irrevocable Commercial Letter of Credit (ICLC) ကိစ္စရပ် များကိုလည်း အဆိုပါ ၃၁-၁၂-၂၀၂၀ ရက်နေ့အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့