Main menu

Background

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလားအလာများအတွက် ဆွေးနွေးမှုများပြုလုပ်ခြင်း

Tue, 11/03/2020 - 12:23 -- journal_editor

ဂျာမနီနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးသည် ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ၂၈ရက်တွင် မြန်မာသံရုံး ဘာလင်မြို့၌  မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် ဂျာမန်ကုန်သည်စက်မှုအဖွဲ့အစည်း (Delegation of German Industry and Commerce- AHK)မှ Mr. Martin Klose နှင့်  Zoom applicationအသုံးပြု Virtual ဆွေးနွေးပွဲတစ်ခုတွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးရာတွင် သံအမတ်ကြီးက ၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော Rhineland Palatinate State သို့ ဂျာမန် အာရှ နှင့်ပစိဖိတ်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်များအသင်း (German Asia Pacific Business Association - OAV)၏ အစီအစဉ်ဖြင့် အာရှနှင့်ပစိဖိတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများ ဆွေးနွေးမှုအစီအစဉ်တွင် လိုက်ပါခဲ့စဉ် ဂျာမန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ  ယင်းတို့အနက် ဆေးထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Boehringer Ingelheim နှင့်  စားသောက် ကုန်နှင့်ဆေးဝါး ထုတ်လုပ်ငန်းအသုံး​ပြု သန့်စင်သတ္တုပြားများ ထုတ်လုပ်သည့်  Strassbburger Filter GmbH ကုမ္ပဏီတို့မှ မြန်မာနိုင်ငံစျေးကွက်သို့ဝင်ရောက်လိုမှုအပေါ် AHK ဘက်မှ ပံ့ပိုးပေးနိုင်မှုနှင့် ချိတ်ဆက်ပူးပေါင်းပေးစေလိုမှု၊ ရှေ့ဆက်၍ မြန်မာနှင့် ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များအကြား virtual conference ဆွေးနွေးပွဲများကို စီးပွားရေးသံမှူးမှလည်း ပါဝင်တက်ရောက်လာနိုင်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဘက်အကြား လုပ်ငန်းသတင်းအချက်အလက်များကို ဖလှယ်၍ ကူညီဆောင်ရွက်ပေးသွားနိုင်မည့်အခြေအနေ၊ ကုန်စည်ပြပွဲများကို Virtual အစီအစဉ်​​​ဖြင့် ကျင်းပရာတွင် မြန်မာကုမ္ပဏီများကို ပံ့ပိုးပေးသွားနိုင်ရန်နှင့် မြန်မာသံရုံးအနေနှင့် ဖရန့်ဖတ် သို့မဟုတ် မြူးနစ်ဘက်တွင် မြန်မာလက်မှုထုတ် ကုန်ပစ္စည်းအချို့ ခင်းကျင်းပြသပွဲ ဆောင်ရွက်ရန်စီစဉ်လိုမှုနှင့် မြန်မာ နိုင်ငံမှ ပျားရည်ထုတ်လုပ်မှုနှင့်ပို့ကုန်တိုးတက်ရေး ဆောင်ရွက်နေမှုများတို့ကို ဆွေးနွေး ပြောကြား ပါသည်။

AHKဘက်က ထိုင်းနိုင်ငံရှိ ဂျာမန်ကျွမ်းကျင်ပညာရှင်မှ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများပြုလုပ်ပေးရန် ဆောင်ရွက်ပေးနိုင်မှု၊ မြန်မာနိုင်ငံရှိ ဂျာမန်ရင်းနှီးမြှုပ်နှံသူများသို့ Virtual meeting များသို့ ပါဝင်တက်ရောက်၍ လုပ်ငန်းအတွေ့ အကြုံများဝေငှပေးနိုင်မှု၊  AHKအနေနှင့်   အပတ်စဉ်နံနက်ခင်း စကားဝိုင်း အစီ အစဉ်ကို ကျင်းပပြုလုပ်၍ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ အခြေအနေနှင့် လုပ်ကိုင်ဆောင်ရွက်နေမှုများကို လုပ်ငန်းနယ်ပယ်များအလိုက် လေ့လာသိရှိနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ Virtual ပြပွဲများအတွက် လိုအပ်သည်များပံ့ပိုးပေးမည့်အစီအစဉ်နှင့် လက်ရှိ ကိုဗစ်ကပ်ရောဂါအခြေအနေအရ မြေပြင်ပြပွဲခင်းကျင်းပြသမှုများ ရွှေ့ဆိုင်းထားမှုအရ ကူညီဆောင်ရွက်ပေး နိုင်မည့်အနေအထားများကို ဆွေးနွေးခဲ့ ပါသည်။

ဆက်လက်၍ စီးပွားရေးသံမှူးက ဂျာမနီနိုင်ငံတွင် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁ရ ရက်နေ့မှ၂၀ရက်နေ့ အတွင်း Digital Event အဖြစ် ကျင်းပမည့် BIOFACH 2021 သို့ မြန်မာကုမ္ပဏီ၄ခု ပါဝင်ပြသမည့် အခြေအနေ၊ AHK အနေနှင့် ဂျာမန်လုပ်ငန်းရှင်များသို့ သတင်းဖြန့်ဝေပေးရန်နှင့် Digital B to B အစည်းအဝေးများအတွက် တွေ့ဆုံဆွေးနွေးသင့်သည့် ကုမ္ပဏီများအကြံပြုပေးနိုင်ရန်နှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်ပေးရန်တို့ကို ဆွေးနွေးခဲ့ရာ AHK ဘက်မှ ချိတ်ဆက်ဆောင်ရွက်ပြန်ကြားပေးမည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးကြပါသည်။ BIOFACH ပြပွဲသည် ဂျာမနီနိုင်ငံ နူရင်ဘတ်မြို့တွင် နှစ်စဉ်ဖေဖော်ဝါရီလအတွင်းတွင် ကျင်းပပြုလုပ်သည့်  ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ သဘာဝအော်ဂဲနစ် စားသောက်ကုန်များကို ခင်းကျင်း ပြသသည့် ပြပွဲတစ်ခုဖြစ်ပါသည်။ကိုဗစ်ကပ်ရောဂါကာလအတွင်း မြန်မာ့အော်ဂဲနစ်စားသောက်ကုန်များကို Digital နည်းပညာအသုံးပြုပြပွဲများတွင် ပါဝင်ပြသ၍ နိုင်ငံတကာစျေးကွက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ရယူနိုင်မည်ဖြစ်ပါသည်။

သီတာဝင်းဌေး၊စီးပွားရေးသံမှူး

မြန်မာသံရုံး၊ဘာလင်မြို့