Main menu

Background

၁၉၈၀ နှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘရာဇီးလ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ဆယ်စုနှစ်ကာလတစ်ခုအတွင်း အဆိုးရွားဆုံး ကျဆင်းနိုင်ဖွယ်ရှိ

Tue, 11/03/2020 - 14:17 -- journal_editor

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်။ FGV ၏လေ့လာဆန်း စစ်မှုများ အရ ၂၀၁၁ မှ ၂၀၂၀ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ တစ်နှစ်လျှင် ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းနေသည်။ အစိုးရ ကြွေးမြီများ နှင့်ကော်ပိုရေးရှင်း(ကုမ္ပဏီများအစုအဖွဲ့)နှင့် သက်ဆိုင်သော ကြွေးမြီများမြင့်မားနေသည့်အတွက် မရေရာ မသေချာမှုများသည် စီးပွားရေးပြန်လည် ဦးမော့လာစေရေးကို အတားအဆီးများ ဖြစ်ပေါ်လျက်ရှိသည်။ ယခုဆယ်စုနှစ် အကုန်ပိုင်းတွင် ဘရာဇီးလ်နိုင်ငံစီးပွားရေးသည် ညွှန်းကိန်းများကျဆင်းမှုနှင့်ကြုံတွေ့နိုင်ဖွယ်ရှိနေသည်။ The Brazilian Institute of Economics of theGetulio Vargas Foundation (lbre / FGV) ၏ သုတေသနပြုချက်အရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မှတ်ပုံတင်သည့်အရေအတွက်မှာ တစ်နှစ်လျှင် ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခြင်းသည် ၁၉၈၀ ခုနှစ်နောက် ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဆုံးရှုံးမှုများသော ဆယ်စုနှစ်ဟု လူသိများကြသည်။ ရင်းနှီးမြှုပ်နှံသည့်အခြေအနေသည် လက်ရှိဆယ်စုနှစ်အတွင်း တိုင်းပြည်စီးပွားရေးအားနည်းလာမှုကို ဖော်ပြလျက်ရှိသည့် အချက်အလက်များအနက်မှ တစ်ခုပင်ဖြစ်သည်။ The Brazilian Institute of Economics(Ibre)  ကပြုလုပ်သည့် လေ့လာဆန်းစစ်မှုအရ ၂၀၁၁ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပြည်တွင်းအသားတင် ထုတ်ကုန်(GDP)ကျဆင်းမှုသည် နှစ် ပေါင်း၁၂၀ ကာလအတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း စစ်တမ်းကဖော်ပြသည်။ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မှုအားနည်းချက်များအပေါ် ၂၀၁၄ ခုနှစ်မှစတင်၍ ယနေ့ အချိန် ထိ အလေးထားပြင်ဆင်လုပ်ဆောင်လျက်ရှိသည်။ ၂၀၁၆ ခုနှစ်မတိုင်ခင်အထိ ဘရာဇီးလ်နိုင်ငံသည် စီးပွားရေးအကြပ်အတည်းကိုပြင်းထန်စွာခံစားခဲ့ရပြီး သုံးနှစ်တာကာလအတွင်း တိုင်းပြည်၏ စီးပွားရေးသည်တဖြေးဖြေးပြန်လည် ဦးမော့လာသော်လည်း ၂၀၂၀ ပြည့်နှစ်အရောက်တွင် ကိုရိုနာဗိုင်းရပ်စ်စတင်ရိုက်ခတ်မှုကြောင့် စီးပွားရေးအကြပ်အတည်းကာလသို့ ပြန်လည်ရောက်ရှိခဲ့ပြန်သည်။

နှစ်ပေါင်း ၄၀ ကြာကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ဖွံ့ဖြိုးတက်တက်မှုသည်ဆယ်စုနှစ်နှစ်ခုစာဆုံးရှုံးခဲ့ရပြီး လက်ရှိကာလတွင်လည်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ နှေးကွေးလျက်ရှိကြောင်း Ibre/ FGV သုတေသီ Marcel Balassiano က ပြောကြားခဲ့သည်။အဆိုပါ သုတေသနပြု လေ့လာဆန်းစစ်မှုအား Ibre မှ စီးပွားရေးပညာရှင် Claudio Considera နှင့် Juliana Trece တို့လည်းပူးပေါင်းဆောင်ရွက်ခဲ့သည်။ Ibre ၏ လက်ရှိဆယ်စုနှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များကို တွက်ချက်မှုတွင်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာလုပ်ဆောင်ချက်များကြောင့် တိုးမြင့်လာမည့် ရင်းနှီးမြှုပ်နှံမှုအခြေအနေခန့်မှန်းချက်အပြင် ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှုနှုန်းတို့ကိုပါ ထည့်သွင်းတွက်ချက်ထားသည်။ ယခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၆ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း တွက်ချက်မှုများအရ ခန့်မှန်းကြသည်။ကူးစက်ရောဂါဖြစ်ပွားမှုမရှိခဲ့လျင်ပင် ဘရာဇီးလ်နိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်မှုမှာ အားနည်းနေဦးမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။ ယခင်နှစ် ဒီဇင်ဘာလအတွက် ငွေကြေးဖောင်းပွမှုနှုန်းဆိုင်ရာ သတင်းတင်ပြချက်များအရ ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားမှု မကျယ်ပြန့်မီ အချိန်က ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်မှုရှိနိုင်ကြောင်း ခန့်မှန်း တွက် ချက်ခဲ့သည့်အတွက် လက်ရှိဆယ်စုနှစ်ကာလအတွင်းရင်းနှီး မြှုပ်နှံမှုပမာဏကျဆင်းမှုကို ပျမ်းမျှ ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ဖြစ်ပေါ် စေလိမ့်မည်ဟုခန့်မှန်းထားသည်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နှံမှုဝင် ရောက်မှုများအပေါ်ပိုမိုအထိနာခဲ့ကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပွားခဲ့လျှင်ပင် ဘရာဇီးနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏကျဆင်းမှု သည် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် Juliana က သုံးသပ်ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး