Main menu

Background

ပြည်တွင်းငွေတန်ဖိုးကျဆင်းမှု နှေးကွေနေခြင်းအား ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ စီးပွားရေးဝန်ကြီးမှ ပြောကြား

Wed, 11/04/2020 - 12:50 -- journal_editor

အာဂျင်တီးနား၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်

နိုင်ငံ၏စီးပွားရေးသည် ပြန်လည်ဦးမော့လာသည့် လက္ခဏာပြနေကြောင်း အာဂျင်တီးနားနိုင်ငံ၊ စီးပွားရေးဝန်ကြီး Martín Guzmán ၏ အကဲဖြတ်ပြောဆိုသည်။

ဝန်ကြီး Martín Guzmán သည် နိုင်ငံတော်အရန်ငွေကြေးကျဆင်းနေမှုနှင့် ပီဆိုငွေကြေး၏ ဖိအားတိုးမြင့်မှုများ ရှိနေသော်လည်း ပြည်တွင်းငွေတန်ဖိုးကျဆင်းမှု နှေးကွေးနေခြင်းအား ဆက်လက်ထိန်းသိမ်းသွားရန် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်တွင် ကတိပေးပြောကြားခဲ့သည်။

စီးပွားရေးတက်ရိပ်ပြနေသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ပြန့်ပွားမှုကြောင့် အခွန် ကောက်ခံရရှိမှု ကျဆင်းလာခြင်းသည် အာဂျင်တီးနားနိုင်ငံအတွက် အကြပ်အတည်းတစ်ရပ် ဖြစ်ပေါ် စေကြောင်း၊ သို့ရာတွင် ပီးဆိုငွေတန်ဖိုး ကျဆင်းမှုသည် တိုင်းပြည်၏ မက်ခရိုစီးပွားရေးအပေါ် သက်ရောက်မှုမရှိကြောင်း ဝန်ကြီး Guzmán က ရေဒီယို အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ဝန်ကြီးက ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် တိုင်းပြည်စီးပွားရေးအပေါ် ထိခိုက်နိုင်ကြောင်း သုံးသပ်မှုများကို အသိအမှတ်ပြုခဲ့သော်လည်း ငွေလဲနှုန်းတည်ငြိမ်ရေးမှာ ကာလတိုအတွင်း မဖြစ်နိုင် ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားဗဟိုဘဏ်ကလည်း ပီဆိုငွေကြေးတန်ဖိုး မတည်ငြိမ်မှုများနှင့် လတ်တလော ငွေလဲနှုန်းအမျိုးမျိုးကွဲပြားနေမှုများအား ထိန်းချုပ်ရန်အတွက် ငွေကြေးဆိုင်ရာမူဝါဒအသစ်များကို ချမှတ်ရန်ဆောင်ရွက်လျက်ရှိသည်။

ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ပီဆိုငွေကြေးအပေါ် ယုံကြည်မှုနည်းလာခြင်းနှင့် အမေရိကန် ဒေါ်လာငွေကြေး လိုအပ်ချက် မြင့်မားလာခြင်းတို့ကြောင့် အစိုးရ၏တရားဝင်ငွေလဲနှုန်းနှင့် ပြင်ပ ဈေးကွက်ရှိ ငွေလဲနှုန်းမှာ ၁၄၃ ရာခိုင်နှုန်းအထိ ကွာဟလျက်ရှိသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး