Main menu

Background

ဒေါ်လာတန်ဖိုး ဘရာဇီးဟဲရာ ၅.၆၀ အထိ မြင့်တက်

Wed, 11/04/2020 - 13:00 -- journal_editor

ဘရာဇီးလျား၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်-

လက်ရှိ အမေရိကန်သမ္မတ Donald Trump နှင့် ဒီမိုကရက်တစ်အတိုက်ခံ ဒုတိယ သမ္မတဟောင်း Joe Biden တို့၏ သမ္မတစကားစစ်ထိုးပွဲပြီးနောက် ယခုအပတ်သောကြာနေ့တွင် ဘရာဇီးနိုင်ငံ၏ အမေရိကန်ဒေါ်လာတန်ဖိုးသည် မြင့်တက်ခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဖိုး သုည ဒသမ ၄၈ ရာခိုင်နှုန်းမြင့်တက်၊ ဘရာဇီးဟဲရာ ၅.၆၂၀၇ ဖြင့် အရောင်းအဝယ်ဖြစ်-

အင်္ဂါနေ့တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် သုည ဒသမ ၂၈ ရာခိုင်နှုန်းအကျဖြင့် ဈေးပိတ်ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျင် ဘရာဇီးဟဲရာ ၅.၅၉၃၆ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် တစ်ပတ်အတွင်း သုည ဒသမ ၈၈ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ တွက်ချက်မှုများအရ တစ်လအတွင်း သုည ဒသမ ၄၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ယခုနှစ်တွင် အမေရိကန်‌ဒေါ်လာတန်ဖိုးသည် ၃၉.၅၀ ရာခိုင်နှုန်းအထိ တန်ဖိုးမြင့်တက်လျက်ရှိသည်။

အမေရိကန်သမ္မတ စကားစစ်ထိုးပွဲသည် ယခင်တစ်ကြိမ်လောက် မပြင်းထန်သော်လည်း ဈေးကွက်အတွက် သတင်းအချက်အလက်များ ဖြစ်ပေါ်ခဲ့ကြောင်း AxiCorp chief strategist  Stephen Innes က ပြောကြားခဲ့သည်။ ယခု အကြိမ် ဆွေးနွေးမှုသည် ရွေးကောက်ပွဲလွန်ကာလ စီးပွားရေးအလားအလာသည် ကန့်သတ်ချက်များရှိလာမည် ဖြစ်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားအရ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်တွက် အခွန် အကောက်ဆိုင်ရာ ဖြေလျှော့ပေးမှုအစီအစဉ်အသစ်များကို ဆောင်ရွက်စေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆွေးနွေးမှုများအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးဆိုင်ရာနှိုးဆွမှုအစီအစဉ်သစ်အပေါ် ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည်လျက်ရှိသည်။ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ကိုဗစ်-၁၉ ကူးဆက်ရောဂါအား ရင်ဆိုင်နိုင်ရန် အတွက် အခြားကူညီထောက်ပံ့မှုများ ရရှိနိုင်ကြောင်း၊ သို့ရာတွင် အမေရိကန်သမ္မတ Donald Trump ၏ ငွေကြေးဆိုင်ရာ ကူညီ ထောက်ပံ့မှုသဘောတူညီချက်အပေါ် အကောင်အထည်‌ဖော်လိုခြင်း ရှိ/မရှိ အပေါ်တွင်မူတည်ကြောင်း သောကြာနေ့တွင် မြို့တော်ဝန်က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုများ တိုးမြှင့်နေမှုအပေါ်တွင် စိုးရိမ်မှုများ မြင့်တက်နေသည်။ ပြည်တွင်းယူဆချက်တွင် ကူးစက်ရောဂါဖြစ်ပွားမှုများအတွင်း ပြုပြင်ပြောင်းလဲရေးအစီအစဉ်၏ တိုးတက်ဖြစ်ထွန်းမှုနှင့် အစိုးရငွေစာရင်း ဖွံ့ဖြိုးတိုးတက်မှု၏ မရေရာမသေချာ မှုများအပေါ်တွင် အာရုံစိုက်လျက်ရှိသည်။ ညွှန်းကိန်းများအရ Fundação Getúlio Vargas က အောက်တိုဘာလတွင် စားသုံးသူယုံကြည်မှုညွှန်းကိန်း(Consumer Confidence Index -ICC) မှာ ၈၂ ဒသမ ၄ အမှတ်မှ အောက်သို့အမှတ် ၁ မှတ်ကျဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

IBGE အချက်အလက်များအရ The Broad Consumer Price Index - 15 (IPCA-15) သည် အောက်တိုဘာလတွင် သုည ဒသမ ၉၄ ရာခိုင်နှုန်းသို့ မြင့်တင်ခဲ့သည်။ ဤအခြေအနေသည် ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် အမြင့်ဆုံးအခြေ အနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခင်နှစ် ဒီဇင်ဘာလတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ညွှန်းကိန်းမှာ သုည ဒသမ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ယခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း စုစုပေါင်းမှာ ၂ ဒသမ ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၁၂ လအတွင်း ယခင် ၁၂ လ အတွင်းမှတ်တမ်းတင်ထားသည့် ၂ ဒသမ ၆၅ ရာခိုင်နှုန်းကို ကျော်လွန်ကာ ၃ ဒသမ ၅၂ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ သည်။ သို့ရာတွင် ယခုနှစ်အတွက် ရည်မှန်းထားသည့် လေးရာခိုင်နှုန်း၏ ထက်ဝက်အောက်၌သာ ရှိနေသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး