Main menu

Background

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် မျှော်မှန်းထားသည့် GDP ကျဆင်းမှုအပေါ် အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးဝန်ကြီးဌာန အတွင်းရေးမှူးမှ ပြော

Wed, 11/04/2020 - 13:13 -- journal_editor

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၂ ရက် စီးပွားရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးဆိုင်ရာ အတွင်းရေးမှူး Waldery Rodrigues က လက်တလောမျှော်မှန်းထားသည့် ဘရာဇီးနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်(Gross Domestic Product) ၄၇ရာခိုင်နှုန်းအထိ ကျဆင်းခဲ့မှုအပေါ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းတွင် စီးပွားရေးဆိုင်ရာအဖွဲ့မှ ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ဆောင်ရွက်မှု ညွှန်းကိန်းများသည် နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှု အခြေအနေကို ညွှန်ပြလျက်ရှိသည်။ လတ်တလောရင်ဆိုင်နေရသော စီးပွားရေးအကြပ်အတည်းသည် ပိုမိုနက်ရှိုင်းသော်လည်း ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ငွေကြေးအကြပ်အတည်းကာလထက် အချိန်တိုတောင်းနိုင်ကြောင်း ပညာရှင်အများစု၏ သုံးသပ်ပြောဆိုမှုအပေါ် TCU(Tribunal de Union Accounts)မှဦးစီးကျင်းပသည့် Virtual Seminar တွင် ဘဏ္ဍာရေးဆိုင်ရာအတွင်းရေးမှူးက အတည်ပြုပြောကြားခဲ့သည်။ ထို့အပြင် ဗဟိုဘဏ်၏ GDP ကျဆင်းမှုကြောင့် ဈေးကွက်မျှော်မှန်းချက်အား ထိခိုက်မှုအခြေအနေကို လေ့လာဆန်းစစ်သည့်အချက်အလက်များအပေါ်တွင် စီးပွားရေးဝန်ကြီးဌာနအနေဖြင့်လည်း သဘော ထားအမြင်တူညီကြောင်းထောက်ခံပြောဆိုခဲ့သည်။
ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး
Ref: Online news