တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရို(National Bureau of Statistics) မှ ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း၌ တရုတ်နိုင်ငံ၏စားသုံးသူဈေးဆနှုန်းကိန်း (Consumer Price Index-CPI)သည် ပြီးခဲ့သည့် နှစ်ကာလတူထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း၌ ပြီးခဲ့သည့်နှစ် ကာလတူထက် ၁ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စားသောက်ကုန်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၁၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် COVID-19 ရောဂါကူးစက်ပျံ့နှံ့ မှုများကြောင့် ထိခိုက်နစ်နာမှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကောင်းမွန်လာစေရန်နှင့် စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်းသည် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ကြောင်း၊ ထိုသို့ကျဆင်းရခြင်းမှာ ဟင်းသီးဟင်းရွက်နှင့် ဝက်သားဈေးနှုန်းများ ပြန်လည်တည်ငြိမ်ရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.globaltimes.cn/content/1166908.shtml
ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့။
