Main menu

Background

စားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိလာစေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိခြင်း

Thu, 11/05/2020 - 13:58 -- journal_editor

၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ စားသုံးသူစျေးဆနှုန်းကိန်း အား မြင့်တက်စေသည့် အခြေခံအကြောင်းအရင်းတစ်ရပ်ဖြစ်သည့် ဝက်သားဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၂၅ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လထက် ၂၇ ဒသမ ၁  ရာခိုင်နှုန်းအသီးသီးကျဆင်းလာခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်း၌ စားသောက်ကုန်ပစ္စည်း များ အပြိုင်အဆိုင်ရောင်းချမှု ပြန်လည်မြင့်တက်လာသဖြင့် စားသောက်ကုန်ဈေးနှုန်း အား ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ စားသုံးသူစျေးဆနှုန်းကိန်းနှင့် ငွေကြေးဖောင်း ပွမှုနှုန်းတည်ငြိမ်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း စားသုံးသူဈေးဆနှုန်းကိန်းအား ၂ ဒသမ ၄ ရာခိုင်နှုန်းပတ်ဝန်းကျင်သာရှိစေရေး ရည်မှန်းချက် ထားလုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာ တစ်ဝှမ်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့်် ပြည်ပနိုင်ငံများမှ ဝယ်လိုအားကျဆင်းခြင်း၊ ပြည်ပပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကျဆင်းလျက်ရှိသဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများမှ အမြတ်ငွေရရှိမှုမှာမူ ကျဆင်းနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများအတွက် အထောက် အကူဖြစ်စေရန်  ပြည်တွင်းဝယ်လိုအား မြင့်တက် လာစေမည့်မူဝါဒများအား လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါ သည်။

Source: https://www.globaltimes.cn/content/1166908.shtml

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့