Main menu

Background

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product-GDP)မြင့်တက်ခဲ့ခြင်း

Thu, 11/05/2020 - 13:59 -- journal_editor

တရုတ်နိုင်ငံ သတင်းအချက်အလက်ထုတ်ပြန်ရေးဗဟိုကောင်စီ(The State Council Information Office P.R.C)မှ ထုတ်ပြန်ကြေညာခဲ့သည့်အချက်အလက်များအရ  ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ ၏ ပြည်တွင်းအသားတင်ထုတ်လုပ် မှုတန်ဖိုး (Gross Domestic Product-GDP) တရုတ်ယွမ်ငွေ ၂၆ ဒသမ  ၆၂ ထရီလီယံ ရရှိခဲ့ သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမကိုးလအတွင်းတရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု (GDP) တန်ဖိုး တရုတ်ယွမ်ငွေ ၇၂ ဒသမ ၂၈  ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ ၏စီးပွားရေးပြန်လည်မြင့်တက်လာ ခြင်းမှာ ပြည်တွင်းသုံးစွဲမှု ပမာဏမြင့်တက်ခဲ့ခြင်း၊ ပို့ကုန်ကဏ္ဍတွင် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများမြင့်တက်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1203878.shtml

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့