Main menu

Background

လက်လီလက်ကားရောင်းချရမှု၊ ပုံသေရင်းနှီးမြှုပ်နှံမှုမြင့်တက်လျက်ရှိခြင်း

Thu, 11/05/2020 - 14:03 -- journal_editor

ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှု များနှင့်ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်တည်ငြိမ်မှု ရှိအောင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် စားသောက် ဆိုင်များ၊ ဈေးဝယ်စင်တာများတွင် ရောင်းအားပြန်လည်မြင့်တက်ခဲ့ကြောင်း၊ လေယာဉ်၊ ရထားများဖြင့် ခရီးသွားလာမှုသည်လည်း ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏လက်လီရောင်းချမှု(China's Retail Sales) သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဩဂုတ်လတွင် သုည ဒသမ ၅ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကြောင်း၊ တစ်ဦးချင်းဝင်ငွေပမာဏ ၂၀၂၀ ပြည့်နှစ် ပထမကိုးလအတွင်း ၂၃၇၈၁ ယွမ်(အမေရိကန်ဒေါ်လာ ၃၅၄၉ ဒေါ်လာ)ရှိခဲ့ပြီး သုည ဒသမ  ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပုံသေ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၂၀ ပြည့်နှစ် ပထမ ၉ လအတွင်း ၂၀၁၉ ခုနှစ်ကထက် သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အလုပ်လက်မဲ့ နှုန်းသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း ၅ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ စက်တင်ဘာ လတွင် ၅ ဒသမ  ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရသည်။

Source: https://www.globaltimes.cn/content/1203878.shtml

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့