Main menu

Background

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ဆက်လက်တိုးတက်လျက်ရှိခြင်း

Thu, 11/05/2020 - 14:04 -- journal_editor

၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ယွမ် ၈ ဒသမ ၈၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ထရီလီယံ) ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ ပို့ကုန်ပမာဏ ယွမ်ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူ ထက် ၁၀ ဒသမ ၂ ရာခိုင်နှုန်း၊ သွင်းကုန်ပမာဏ ယွမ် ၃ ဒသမ  ၈၈ ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့ သည့်နှစ် ကာလတူထက် ၄ ဒသမ ၃ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း လိုအပ်သည့်ထုတ်ကုန်ပစ္စည်းများအား အချိန်တို ကာလ အတွင်း ထုတ်လုပ်နိုင်ခြင်း၊ ကုန်ထုတ်လုပ် မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းတို့ ကြောင့် ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်ကာလတွင်လည်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုကဏ္ဍတည် ငြိမ်စွာ ဆက်လက်တိုးတက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ General Administration of Customs ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုပမာဏ ယွမ် ၂၃ ဒသမ ၁၂ ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ ထက် သုည ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမကိုးလအတွင်း တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ လျှပ်စစ်ပစ္စည်းထုတ်ကုန်များတင်ပို့မှုပမာဏ ယွမ် ၇ ဒသမ ၄၆ ထရီလီယံရှိသည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် ၃ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်တွင်လည်း ၅ ဒသမ ၅  ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ လျှပ်စစ်ပစ္စည်းများ တင်ပို့မှုပမာဏသည် စုစုပေါင်းပို့ကုန်ပမာဏ၏ ၅၈ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်လျက်ရှိကြောင်း၊ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့သည့်အတွက် နေထိုင်မှု ပုံစံများ ပြောင်းလဲလာမှု ကြောင့် Laptops များ တင်ပို့မှု ၁၇ ဒသမ ၆ ရာခိုင်နှုန်း၊ အိမ်အသုံး အဆောင်ပစ္စည်းများတင်ပို့မှု ၁၇ ဒသမ  ၃ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမ ကိုးလအတွင်း တရုတ်နိုင်ငံသို့ ပြည်ပနိုင်ငံများမှ သံသတ္တုရိုင်းတင်သွင်းမှု ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊ ရေနံတင်သွင်း မှု ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့တင်သွင်းမှု ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊ ပဲပိစပ်တင်သွင်းမှု ၁၅ ဒသမ ၅ ရာခိုင်နှုန်း၊ ဝက်သားတင်သွင်းမှု ၁၃၂ ဒသမ ၂ ရာခိုင်နှုန်း၊ အမဲသားတင်သွင်းမှု ၃၈ ဒသမ ၈ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ၊ General Administration of Customs ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Source:http://global.chinadaily.com.cn/a/202010/14/WS5f850d15a31024ad0ba7e4fb.html

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့