Main menu

Background

တရုတ်နိုင်ငံမှ ပြည်ပသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမြင့်တက်လျက်ရှိခြင်း

Thu, 11/05/2020 - 14:08 -- journal_editor

တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သည့် အချက် အလက်များအရ ၂၀၂၀ ပြည့်နှစ် ပထမ ၁၀ လတာကာလအတွင်း၌ တရုတ်နိုင်ငံမှ ပြင်ပ နိုင်ငံများသို့သွားရောက်၍ ငွေကြေးမဟုတ်သည့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ဆက်လက်တိုးတက်လျက်ရှိကြောင်း၊ အဆိုပါကာလအတွင်း၌ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၁၆၄ နိုင်ငံ၌ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၀ ဒသမ  ၄၆ ဘီလီယံ ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ပထမကိုး လတာကာလအတွင်း၌ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၈ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ငွေကြေးမဟုတ်သည့်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် တရုတ်ယွမ်ငွေ ၆၆ ဒသမ ၉၅ ဘီလီယံရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရသည်။

၂၀၂၀ ပြည့်နှစ်  ပထမ ၁၀ လတာကာလအတွင်း၌ တရုတ်ကုမ္ပဏီများအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်း၌ ပါဝင်လျက်ရှိသည့်နိုင်ငံများ၌ သွားရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လုပ်ဆောင်ခဲ့ကြောင်း၊ နိုင်ငံ ပေါင်း ၅၆ နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၆ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် အဆိုပါပမာဏ သည် တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်ရင်းနှီးမြှုပ်နှံသည့် ငွေကြေးမဟုတ်သော တိုက် ရိုက်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းပမာဏ၏ ၁၂ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်လျက်ရှိကြောင်း၊ ငွေကြေးမဟုတ်သည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးတက်လျက်ရှိပြီး အဓိကရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကဏ္ဍများမှာ ဌားရမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ထုတ်လုပ်ခြင်း၊ လက်လီလက်ကားရောင်းချခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/201911/14/WS5dcd0338a310cf3e3557 75ea.html

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့