Main menu

Background

တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီ ချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Thu, 11/05/2020 - 14:09 -- journal_editor

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ ၁၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၂-၁၀-၂၀၂၀ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း၌ တရုတ်-ကမ္ဘောဒီးယားလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (China-Cambodia Free TradeAgreement)နှင့် အခြားအရေးပါသည့် သဘောတူညီချက် များအား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားစဉ်ကာလ အတွင်း တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် မှုများပိုမိုအားကောင်းလာခဲ့ကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးအပေါ် အကျိုး ကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးထိခိုက်ခဲ့မှုများအပေါ် တရုတ်-ကမ္ဘောဒီးယား ကုန်သွယ်ရေးသဘောတူညီချက် သည် အရေးပါသည့်ကုစားမှု ဖြစ်စေ မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံအုတ်မြစ်အဖြစ် ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း၌ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Sen ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Hor Namhong တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးစီးပွားနှင့် ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1203145.shtml

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့