Main menu

Background

တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တည်ငြိမ်မှုရှိလာခြင်းသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ပြောကြားခဲ့ခြင်း

Thu, 11/05/2020 - 14:17 -- journal_editor

ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သည့် အရှေ့အာရှနှင့်ပစိဖိတ်စီးပွားရေးအစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှစ်ရာခိုင်နှုန်းအထိ မြင့်တက် လာမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြခဲ့သည့် အတွက် ကမ္ဘာ့ဘဏ်မှ ယခင် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင်ဖော်ပြထားသည့် ခန့်မှန်းချက်ထက် တစ်ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည် တည်ငြိမ်မှု ရှိလာ ခြင်းသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြင့်တက်စေရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အပြင် စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ခြင်းအပေါ် အသိအမှတ်ပြုသည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ‌ဖော်ပြထား သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Wang Wenbin ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ် ပထမရှစ်လတာကာလအတွင်း တရုတ်ကုမ္ပဏီများမှ Belt and Road လမ်းကြောင်းတစ်လျှောက်ရှိနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့ သည့်နှစ် ကာလတူထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ကာလအတွင်း အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပထမ နှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၅၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမရှစ်လအတွင်း အာဆီယံနိုင်ငံများ နှင့်ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၄၁၆ ဒသမ ၅ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမရှစ်လ နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အဆိုပါ ကာလအတွင်း၌ တရုတ် နှင့်အာဆီယံနိုင်ငံများသည် နှစ်ဖက်စလုံး ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ခဲ့ပြီး သမိုင်း ဝင်သည့်အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း တရုတ်နှင့် ဥရောပ ဒေသနိုင်ငံများအကြား ရထားဖြင့် ကုန်သွယ်မှု ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရထားဖြင့် ကုန်သွယ်မှုလမ်းကြောင်းသည် နိုင်ငံတကာကုန်သွယ်မှုကို တည်ငြိမ်မှုရှိရန် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်းဖြင့် တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာစေ ရန်အထောက်အပံ့ဖြစ်စေမည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Wang Wenbin(ဝမ်ဝိန်ပင်း)မှ  ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

Source: http://www.xinhuanet.com/english/2020-10/19/c_139452114.htm

 ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့