Main menu

Background

ဗြိတိန်နှင့် စီးပွားရေးမိတ်ဖက်သဘောတူစာချုပ်အသစ်ဆိုင်ရာ ဥပဒေမူကြမ်း ဂျပန်အစိုးရ အတည်ပြုခဲ့

Thu, 11/05/2020 - 15:06 -- journal_editor

ဂျပန်အစိုးရအနေဖြင့် ဗြိတိန်နိုင်ငံနှင့် စီးပွားရေးမိတ်ဖက်သဘောတူ စာချုပ်အသစ်ဆိုင်ရာ ဥပဒေမူကြမ်းကို နိုဝင်ဘာလ ၄ ရက်နေ့က အပြီးသတ် အတည်ပြု ရေးဆွဲခဲ့ကြောင်း၊  အဆိုပါ သဘောတူညီချက်ကို လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အသက်ဝင်နိုင်ရန်အတွက် လွှတ်တော်၏ အတည်ပြုချက် မြန်မြန်ဆန်ဆန်ရရှိရေး ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း  သိရပါသည်။

အဆိုပါ သဘောတူညီချက်သည် ဥရောပသမဂ္ဂ (EU) မှ ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးနောက် အောက်တိုဘာလအတွင်းက နှစ်နိုင်ငံအကြား အစိုးရအဖွဲ့ဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြသည့်  ဖြစ်ပါသည်။ ယခုသဘောတူစာချုပ်အသစ် သည် ဂျပန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လက်ရှိ ဆောင်ရွက်နေသည့် စီးပွားရေး မိတ်ဖက်သဘောတူစာချုပ်အပေါ် အခြေခံထားပြီး စာချုပ်တွင် ဂျပန်နိုင်ငံ၏ မော်တော်ကားတင်ပို့မှုအပေါ် ၂၀၂၆ ခုနှစ်အရောက်တွင် စည်းကြပ်ခွန်ကို ဖျက်သိမ်းရန်ကိစ္စနှင့် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်အသစ် ထပ်မံကောက်ခံခြင်းမပြုရန်အချက်များ ပါဝင်ကြောင်း  သိရပါသည်။

ထို့အပြင် အဆိုပါ သဘောတူညီချက်၌ e-commerce နယ်ပယ်တွင် လက်ရှိချမှတ် ဆောင်ရွက်နေသည့်  တည်ဆဲ ဥပဒေစည်းမျဉ်းများထက် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများ  ချမှတ်ထားကာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ အစိုးရ၏ ထိန်းချုပ်မှုကို ကန့်သတ်ရန် ရည်ရွယ်၍ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရာတွင် အစိုးရ၏ ဝင်ရောက်စွက် ဖက်မှုကို ကန့်သတ်ထားသည့် စည်းမျဉ်းများလည်း ပါဝင်ပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့။