ဂျပန်ပြည်တွင်း မော်တော်ယာဉ်အသစ် ရောင်းအားသည် ယခု ၂၀၂၀ ပြည့်နှစ်၊ အောက်တို ဘာလတွင် ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၃၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပြီး ၁၃ လတာကလအတွင်း နှစ်အလိုက်နှိုင်းယှဉ်မှုအနေဖြင့် ပထမဆုံးအကြိမ် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါ သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကားအစီးရေ ၄၀၆,၈၅၁ စီး ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူကာလထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်ပါကြောင်း မော်တော်ယာဉ်လုပ်ငန်း ဆောင်ရွက်သူ ကုမ္ပဏီများက ဆိုပါသည်။
သဘာဝဘေးအန္တရာယ်နှင့် စားသုံးခွန်တိုးမြှင့်ခဲ့မှု၏ အကျိုးဆက်များကြောင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း မော်တော်ယာဉ်ရောင်းအား ကျဆင်းခဲ့ပါကြောင်း၊ ၎င်းနောက်ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ယခု ၂၀၂၀ ပြည့်နှစ်အစပိုင်းတွင်လည်း ပြည်တွင်း ဝယ်လိုအား သိသိသာသာ ကျဆင်းခဲ့ပါကြောင်း၊ သို့သော် လက်ရှိကာလတွင် ပြည်တွင်းဝယ်လိုအား ပြန်လည်မြင့်တက်လာကြောင်း တွေ့ရပါသည်။
သို့သော် ဆက်လက်ပြန့်ပွားနေဆဲဖြစ်သည့် ကိုရိုနာကပ်ရောဂါဂယက်ကြောင့် ဝင်ငွေ လျော့ နည်းလာသည့်အတွက် ကုမ္ပဏီများအနေဖြင့် ဆုကြေးခံစားခွင့်များကို ထပ်မံ လျှော့ချရန် ဆုံးဖြတ် ကြမည်ဆိုပါက အနာဂတ်တွင် စားသုံးသူ များအပေါ် ဂယက်ရိုက်မှုများ ထပ်မံသက် ရောက်လာနိုင်ပါကြောင်းဟု မော်တော်ယာဉ်ထုတ်လုပ်သူများက ထောက်ပြပြောဆိုခဲ့ကြပါသည်။
နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့။
