Main menu

Background

ဂျပန်ဘဏ္ဍာရေးဝန်ကြီးက အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့

Thu, 11/05/2020 - 15:10 -- journal_editor

အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို ဂျပန်နိုင်ငံက စောင့်ကြည့်နေကြောင်း ဂျပန် နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso က ပြောကြားခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စု၌ မဲရေတွက်မှုများ စတင်လုပ်ဆောင်နေသည့် နိုဝင်ဘာလ ၄ ရက်တွင် Mr. Aso က သတင်းထောက်များအား ယခုကဲ့သို့  ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကာကွယ်ရေးနှင့် စီးပွားရေးကဏ္ဍနှစ်ရပ်လုံးတွင် နီးနီးကပ်ကပ်ဆောင်ရွက်နေသည့်အတွက် ယခု ရွေးကောက်ပွဲတွင် မည်သူအနိုင်ရသည်ဖြစ်စေ ဂျပန်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင် တစားဖြင့် စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း၊ ရွေး ကောက်ပွဲ၏ ရလဒ်က ငွေကြေးစျေးကွက်အပေါ် မည်သို့မည်ပုံ ဂယက်ရိုက်နိုင်မည်ကိုလည်း ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သေးဘဲ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ကြောင်းဟု  ၎င်းက ပြောကြားခဲ့ပါသည်။

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun., The Nikkei Asian Review, The NNA News Asia.

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့