Main menu

Background

အာဆီယံဈေးကွက်အတွင်း တိုးချဲ့ရန် စီချွမ်းကုမ္ပဏီများအား CAEXPO ဖိတ်ခေါ်

Mon, 11/09/2020 - 11:08 -- journal_editor

မကြာမီကျင်းပတော့မည့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO)ကာလတွင် ပြည်တွင်းပြည်ပမှ ပြပွဲသို့လာရောက်မည့် ဝယ်ယူသူ၊ ရင်းနှီးမြှုပ်နှံသူနှင့် စီမံကိန်းပိုင်ဆိုင်သူပေါင်း ၁၁၀၀၀ အား ဆွဲဆောင်ရန် မျှော်လင့်ထားကြောင်း ပြပွဲကျင်းပရေးကော်မတီက အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာထားပါသည်။ 

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း ပုံမှန်ပြသမှုများအပြင် အလီဘာဘာအုပ်စုနှင့်အတူ ဒစ်ဂျစ်တယ်platformများ ထူထောင်ကာ ပြည်တွင်းပြည်ပမှပါဝင်ပြသသူများက ၎င်းတို့၏ ကုန်ပစ္စည်းများကို ထည့် သွင်းပြသခြင်း၊  ဝယ်ယူမည့်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းနှင့်  စီးပွားရေးအခွင့်အလမ်းများအား ပိုမိုရှာဖွေ ရန် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တွင် အောက်တိုဘာ ၁၉ ရက်၌ ကျင်းပခဲ့သည့် ပြပွဲမြှင့်တင်ရေးပွဲတွင် လာမည့် CAEXPOပြပွဲ၌ ပိုမိုတက်ကြွစွာပါဝင်ကြရန် စီချွမ်းကုမ္ပဏီများအား ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်

အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံလမ်းအသစ်တည်ဆောက်ရေးတွင်  ကွမ်ရှီးနှင့်စီချွမ်းတို့ အရှိန်မြှင့်တင်ဆောင်ရွက်သင့်ပြီး၊ စက်မှုကုန်ထုတ်လုပ်ရေးပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်း စွာဆောင်ရွက်သင့်ကြောင်း တရုတ်ပြည်သူ့နိုင်ငံရေးရာအတိုင်ပင်ခံညီလာခံ (ကွမ်ရှီးကော်မတီ)မှ ဒုတိယဉက္ကဌ  Qian Xuemingက အကြံပြုပြောကြားထားပါသည်။

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း ပိုမိုစုံလင်သောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် စီချွမ်းကုမ္ပဏီများလာရောက်ကြရန်ကြိုဆိုကြောင်း Qianက ဖြည့်စွက် ပြောကြား ခဲ့ပါသည်။

စီချွမ်းကုမ္ပဏီများ၏ ဈေးကွက်များ ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများတွင် တိုးချဲ့ရန်အတွက် CAEXPOမှာ အရေးပါသော ပေါင်းကူးဆက်သွယ်ပေးသည့်နေရာဖြစ်လာကြောင်း၊ ထို့ကြောင့် ပြပွဲသို့တက်ရောက်ရန် ပြည်နယ်အတွင်းရှိ ကုမ္ပဏီများကို စုစည်းပေးမည်ဖြစ်ကြောင်း စီချွမ်းပြည်နယ် ကူးသန်းရောင်းဝယ်ရေးဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူး  Yu Binက ပြောကြားခဲ့ပါသည်။

စီချွမ်းကုမ္ပဏီများဘက်မှ ကိုယ်စားလှယ်များကလည်း New Hope Liuhe Co Ltdနှင့် New Hope Liuhe Co Ltdကဲ့သို့သော ကုမ္ပဏီများမှာ အာဆီယံနိုင်ငံများတွင် ဈေးကွက်တိုးချဲ့ရေးအတွက် ၎င်းတို့၏ အနေအထားများအား ပြင်ဆင်ထားကြကြောင်း၊ တရုတ်-အာဆီယံဈေးကွက်တွင် ၎င်းတို့၏ဈေးကွက်များ ထပ်မံတိုးချဲ့သွားရေးအတွက် ပြပွဲအား ပိုမိုကောင်းမွန်စွာအခြေပြုသွားရန် မျှော်လင့်ထားကြောင်း မှတ်ချက်ပြုပြောကြားခဲ့ကြပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၁၀-၂၀၂၀)

 ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နန်နန်းမြို့