Main menu

Background

ပြောင်းဖူးစေ့ဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်တွေ့

Tue, 11/10/2020 - 13:24 -- journal_editor

ဘရာဇီးလျားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့။

ပြည်တွင်းငွေတန်ဖိုးကျဆင်းမှုနှင့် ပြည်ပဝယ်လိုအား များပြားလာခြင်း တို့ကြောင့် ဘရာဇီးလ်နိုင်ငံ၏ ကောက်ပဲသီးနှံဈေးကွက်တွင် ပြောင်းဖူးစေ့ဈေးနှုန်းမှာ ယခင်နှစ်ပေါက်ဈေးထက် ၂၃၀ ရာနှုန်းအထိ စံချိန်တင်မြင့်တက်သွားခဲ့သည်။ ယင်းအခြေအနေတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများမှာ အစာကုန်ကြမ်းဝယ်ယူရရှိရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

ဘရာဇီးလ်နိုင်ငံရှိ အစေ့ထုတ်ပြောင်းအဓိကစိုက်ပျိုးထုတ်လုပ်သည့် Mato Grosso(‘matu ‘grosu)ပြည်နယ်တွင် ပြောင်းဖူးစေ့တစ်အိတ်လျင် ဘရာဇီးလ်ဟဲရာ (real) ၂၇ ရှိခဲ့ရာမှ ပြည်တွင်းငွေတန်ဖိုးကျဆင်းမှုနှင့် ပြည်ပဝယ်လိုအား တိုးမြင့်လာမှုတို့ကြောင့် ၆၃ ဟဲရာ(real)အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

အသုံးချဘောဂဗေဒလေ့လာရေးစင်တာ (the Center for Studies in Applied Economics at USP-Cepea)၏ လေ့လာဆန်းစစ်မှုအရ São Paulo မြို့ရှိ ကောက်ပဲသီးနှံဈေးကွက်တွင် ပြောင်းဖူးစေ့ ၆၀ ကီလိုဂရမ်တစ်အိတ်တန်ဖိုးမှာ ဘရာဇီးလ်ဟဲရာ ၈၅ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသဖြင့် ၂၀၀၄ ခုနှစ်နောက်ပိုင်းကာလများတွင် ပြောင်းဖူးစေ့ဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး