အမေရိကန်သမ္မတရွေးကောက်ပွဲတွင် Mr. Joe Biden က အနိုင်ရခဲ့သည့် သတင်းများ ပေါ်ထွက်လာပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ တိုကျိုစတော့စျေးကွက်၌ ရှယ်ယာ စျေးများ သိသိသာသာမြင့်တက်လာခဲ့ကြောင်း သိရပါသည်။
နစ်ကေးပျမ်းမျှအညွှန်းကိန်းသည် နိုဝင်ဘာလ ၆ ရက် စျေးပိတ်ချိန်ကထက် ၅၁၄ မှတ် မြင့်တက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ စျေးပိတ်ချိန်တွင် ၄၈၃၅ မှတ်အထိ ရှိခဲ့ကြောင်း၊ အချိန်တစ်ခုတွင် ၆၀၀ မှတ်ကျော်အထိ မြင့်တက်ခဲ့ပြီး အဆိုပါကိန်းဂဏန်းသည် ၂၉ နှစ်တာကာလ အတွင်း အမြင့်ဆုံးအဆင့်အဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်ပွားနေဆဲဖြစ်သော်လည်း လုပ်ငန်းလည်ပတ်မှု ပြန်လည်အရှိန်ရလာသည့် ဂျပန်ကုမ္ပဏီများ၏ ဝင်ငွေတိုးတက်လာမှုကြောင့် လတ်တလောကာလအတွင်း နစ်ကေးအညွှန်း ကိန်းသည်လည်း ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု စျေးကွက်လေ့လာသူများက သုံးသပ်နေကြပါသည်။
နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့