Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အလုပ်အကိုင်စွန့်လွှတ်ရသူဦးရေ ၇၀,၀၀၀ ကျော်ခန့်ထိ ရှိလာပြီးဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ (MHLW) က ပြောကြားခဲ့

Thu, 11/12/2020 - 15:28 -- journal_editor

ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ဆက်လက်မြင့်တက်နေသဖြင့် နိုင်ငံအတွင်းအလုပ်အကိုင်စွန့်လွှတ်ရသူပေါင်း ၇၀၀၀၀ ကျော်ခန့်အထိရှိလာပြီဖြစ်ကြောင်း၊ အဆိုပါအရေအတွက်သည် အလုပ်ပြုတ်ခြင်း (သို့မဟုတ်) လုပ်ငန်းများဆုံးရှုံးခြင်း စသည့်အခြေအနေများဖြစ်ပါကြောင်း ဂျပန်နိုင်ငံ၊ Ministry of Health, Labour and Welfare (MHLW) က ပြောကြားခဲ့ပါသည်။

အလုပ်ပြုတ်သွားသည့် အလုပ်သမားများ သို့မဟုတ် လုပ်ငန်းစာချုပ်သက်တမ်း တိုးမထားသည့် အလုပ်သမားများအား စစ်ဆေးကြည့်ရာတွင် ၎င်းတို့၏အလုပ်ရှင်များအနေဖြင့် စီးပွားရေးကျဆင်းပြီး လုပ်ငန်းရှင်သန်းရေးရုန်းကန် နေကြရသည့်အတွက့် ထိုသို့အလုပ်မှထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီလကုန်မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ အလုပ် လက်မဲ့အဖြစ် ရင်ဆိုင်နေရတဲ့သူပေါင်း ၇၀၂၄၂ ဦး အထိရှိလာသည်ကို တွေ့ရပါ ကြောင်း (MHLW) က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဒေသန္တရအလုပ်သမားအဖွဲ့ချုပ်များနှင့် အစိုးရ၏ အလုပ်အကိုင် စီမံခန့်ခွဲရေးဌာနများ၏ စာရင်းဇယားများပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက အဆိုပါကိန်းဂဏန်းထက် ပိုမိုများပြားနိုင်ပါကြောင်း၊ အောက်တိုဘာလ ၃၀ရက်နေ့အထိ ရရှိထားသည့် အချက်အလက်များအရ ကုန်ထုတ်လုပ် ရေးကဏ္ဍတွင် အများဆုံးထိခိုက်ခံခဲ့ရပြီး လူပေါင်း ၁၂၉၇၉ ဦးအလုပ်ပြုတ်သွားခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းနောက်ယမကာဆိုင်များနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် လုပ်ကိုင်သူ ဦးရေ ၁၀၄၄၅ ဦးခန့် အလုပ်ပြုတ်သွားခဲ့ကြောင်း (MHLW) ၏ ပြောကြားချက်အရ သိရပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို