Main menu

Background

ဂျပန်၏ ထိပ်တန်းအလှကုန်ထုတ်လုပ်သည့် Shiseido ကုမ္ပဏီ အမေရိကန်ဒေါ်လာ ၂၈၅ သန်းခန့် အရှုံးပေါ်နိုင်ကြောင်း ခန့်မှန်းခဲ့

Thu, 11/12/2020 - 15:37 -- journal_editor

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် ပြည်သူအများနေအိမ်မှာပင် နေထိုင်ကြသည့်အတွက် ဂျပန်၏ ထိပ်တန်းအလှကုန်ထုတ်လုပ်ရေးကုမ္ပဏီ Shiseido သည် ၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန် ဒေါ်လာ ၂၈၅ သန်းခန့် အသားတင်အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုလိုက်ပါသည်။

Shiseido လုပ်ငန်းအုပ်စုတစ်ခုလုံး၏ ရောင်းအားသည် စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း ယန်းငွေအားဖြင့် ၂၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာအားဖြင့် ၆ ဒသမ ၂ ဘီလီယံ ပမာဏခန့်ရှိပါကြောင်း၊ ကပ် ရောဂါကာလအတွင်း လူအများစုက နေအိမ်မှာပဲနေထိုင်ကြသည့်အတွက် အလှကုန်ပစ္စည်း အသုံးပြုမှု သိသိသာသာကျဆင်းလာကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့ပါသည်။

အရေးပေါ်အခြေအနေကြေငြာခဲ့သည့်ကာလအတွင်း စတိုးဆိုင်များ ယာယီပိတ်ထားခြင်းနှင့် ပြည်ပနိုင်ငံများနှင့် ခရီးသွားလာမှုများကို ကန့်သတ်ခဲ့ခြင်းများကြောင့်  နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်မှုကျဆင်းမှုများသည် လည်း လုပ်ငန်းကို အထိနာစေခဲ့ကြောင်း၊ ရောင်း အားပြန်လည် မြင့်တက်လာရေးအတွက် အင်တာနက်မှတစ်ဆင့် ရောင်းချမှုများကို အားဖြည့်ဆောင်ရွက်သွားရန်  Shiseido ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို