Main menu

Background

All Nippon Airways (ANA) ကုမ္ပဏီက ဇီဝလောင်စာသုံးပြီး ကာဗွန်ထုတ်လွှတ်မှုလျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့

Thu, 11/12/2020 - 15:41 -- journal_editor

ဂျပန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းတစ်ခုဖြစ်သည့် All Nippon Airways (ANA) သည် ကာဗွန်ထုတ်လွှတ်မှုပမာဏကို လျှော့ချနိုင်ရန်အတွက် ဇီဝလောင်စာကို အသုံးပြုရန်စမ်းသပ်နေကြောင်း ပြောကြားခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန် ကာလအတွင်းအခက်အခဲများ ရှိနေသော်လည်း အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ANA က ကုန်ကျစရိတ်များ ပိုမိုတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

ဇီဝလောင်စာကို အသားများ ပြုပြင်ထုတ်လုပ်ရာမှ ထွက်လာသည့် အဆီပါဝင်သော စွန့်ပစ်အစားအသောက်ပစ္စည်းများထံမှ ထုတ်ယူရရှိခြင်းဖြစ်ပါကြောင်း၊ ပုံမှန်သုံးဂျက်လေယာဉ်ဆီနှင့် နှိုင်းယှဉ်ပါက ဇီဝလောင်စာ အသုံးပြုခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၉၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ခရီးသည်များအနေဖြင့် ၎င်းတို့ခရီးသွားလာမှုသည် ပတ်ဝန်းကျင်အတွက် အန္တရာယ်မဖြစ်စေနိုင်ကြောင်း ဟူသည့်အချက်ကို ယုံကြည်မှုရှိရှိ၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ လေယာဉ်စီးနင်းနိုင်စေရန် ထိုသို့ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ​  ANA မှ ပြောရေးဆိုခွင့်ရှိသူအရာရှိက ပြောကြားခဲ့ပါသည်။

အဆိုပါကြိုးပမ်းမှုအတွက် နောက်ဆက်တွဲကုန်ကျစရိတ်များစွာရှိနေသဖြင့် ကိုရိုနာကပ်ဘေးကာလအတွင်း ရုန်းကန်နေရသော ကုမ္ပဏီအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောင်ရွက်နိုင်ရေး မျှော်လင့်ချက်များဖြင့် ANA မှ အောင်မြင်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို