Main menu

Background

ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများ တည်ဆောက်မှုအား ရပ်တန့်မည်ဖြစ်ကြောင်း Toshiba Corporation ကပြောကြားခဲ့

Thu, 11/12/2020 - 15:43 -- journal_editor

မျက်မှောက်ခေတ်တွင် ကမ္ဘာတစ်ဝန်းသဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်သည့် စွမ်းအင်များကိုပြောင်းလဲသုံးစွဲလာနေခြင်းများကြောင့် ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံများအတွက် အမှာစာအသစ်လက်ခံခြင်းများကို ရပ်တန့် မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ Toshiba Corporation က ကြေညာခဲ့ပါသည်။

ရုပ်ကြွင်းလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နယ်ပယ်တွင် ကုန်ကျစရိတ်များ မြင့်တက်လာပြီး အမြတ်အစွန်းများ ကျဆင်းလာနိုင်သည့် စိုးရိမ်မှုများ မြင့်တက်လာမှုကြောင့် Toshiba ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

အမှာစာများ လက်ခံပြီးဖြစ်သည့် စက်ရုံ ၁၀ ခုခန့်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုနှင့် တာဗိုင်စက် အပိုပစ္စည်းထုတ်လုပ်မှုကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ Toshiba သည် နေစွမ်းအင်နှင့် ရေစွမ်းအင် အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေပြီး ၂၀၃၀ ပြည့်နှစ်အရောက် နောက်ဆုံးထားကာ  အဆိုပါကဏ္ဍတွင် ရောင်းအားသုံးဆခန့် ၊ အမေရိ ကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံတန်ဖိုး ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း သိရပါသည်။

၂၀၅၀ ပြည့်နှစ် နောက်ဆုံးထား၍ နိုင်ငံတစ်ဝှမ်းလုံးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အမှန်စင်စစ်  သုည (၀ %) အထိ လျှော့ချနိုင်ရေး ဂျပန်အစိုးရက တွန်းအားပေးဆောင်ရွက်နေပါသည်။

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun., The Nikkei Asian Review, The NNA News Asia.

 နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို