Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လနောက်ဆုံးပတ်မှာ နနွင်း ၁၁၆ ဒသမ ၉၉ တန်ကို တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုက ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို တန် ၆၀ နဲ့ ထိုင်းနိုင်ငံကို ၃၁ ဒသမ ၉၉ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ပြည်ပကို နနွင်းတင်ပို့မှုက တန်သုံးဆယ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုသာခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၅၀-၇၀၀ ထိရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာကန်ဒေါ်လာသုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိမန်ကျည်းစေ့ ၁၃၈တန်ကျော်နဲ့ကန်ဒေါ်လာ သုညဒသမ ၀၇၁ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၉ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် မန်ကျည်း စေ့ ၂၇ တန်နဲ့ မန်ကျည်းမှည့် (အစေ့ပါ) ၃ တန်ခန့် အပို့ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှာ ရေစိမ့်ဝင်အားကိုတားဆီးနိုင်တဲ့ အတွက် မန်ကျည်းစေ့များကိုအမှုန့်ကြိတ်ပြီး ဘိလပ်မြေနဲ့ ရောသုံးတာဖြစ်ပါတယ်။ MIRT(DOBT)
ပြည်ပကို သြဂုတ်လနောက်ဆုံးပတ်အတွင်း မန်ကျည်းတန်ချိန် ၁၀၀ ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်း မှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာ ပူနိုင်ငံဘဲဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ သီတင်းတစ်ပတ်သာ အပို့ပျောက်ခဲ့ပြီး စင်ကာပူနိုင်ငံနဲ့ ပါကစ္စတန်နှစ်နိုင်ငံကိုသာ ပို့ခဲ့တယ်လို့သိရပါတယ်။ သြဂုတ်လအ တွင်းမန်ကျည်းတင်ပို့မှုက စုစုပေါင်း ၃၆၇ တန်ရှိခဲ့ပြီး ဇူလိုင်လရဲ့ တင်ပို့မှုက ၄၅၅ တန်ရှိခဲ့တာကြောင့် သြဂုတ်လမှာ ၈၈ တန်အပို့လျော့ခဲ့ပါတယ်။ ဒါကြောင့်သြဂုတ် လအတွင်း စုစုပေါင်းရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ဟိုပုံးဈေးကွက်မှာတော့ ချင်း(ဥမ)တွေ ဒီတစ်ပတ်မှာ အဝင်မရှိသလောက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေကဝင်တဲ့ ချင်းတွေကိုသာ ရောင်းနေရ တယ်လို့ လည်း သိရပါတယ်။ အခုလောလောဆယ်မှာတော့ ချင်း(ဥမ) တွေကို ပွဲရုံတွေက အရည်အသွေးပေါ်လိုက်ပြီး၊ ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၇၀ ကျပ်မှ ၁၃၀ ကျပ်ထိပေးပြီး လိုက်ဝယ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ချင်း(ဥမ)အကြီး (အလှ)တွေကို တစ်ပိဿာ ၁၇၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းခြောက်ကတော့ ကုန်သလောက်ဖြစ်နေပြီး၊ တစ်ပိဿာ ကို ၁၄၀၀ ကျပ်ဈေးပေါက်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီတို့မှ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက် ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၇၈ သန်းတန်ဖိုးရှိ ချင်းခြောက် တန် ၄၀ ခန့်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၁၀ တန်ခန့်အပို့ပိုခဲ့တာဖြစ်ပါတယ်။ မူဆယ်မှ ၂၅ တန်ခန့် မြဝတီမှ ၁၅ တန်အပို့ရှိခဲ့တာဖြစ်ပြီး ယခင်အပတ်ကတော့ မြဝတီနယ်စပ်မှသာ ၂၉ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)
သြဂုတ်လအတွင်းမှာ စင်ကာပူနိုင်ငံသို့ ချင်း တန် ၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လအတွင်းမှာ တင်ပို့နိုင်ခဲ့တာက တန်ရှစ်ဆယ်ကျော်ဖြစ်တာကြောင့် သြဂုတ် လမှာ တန် ၅၀ လောက်ပိုမို တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာတော့ ချင်းတင်ပို့နိုင်ခြင်း မရှိခဲ့တာတွေ့ရပါတယ်။ သြဂုတ် လအတွင်း ချင်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ တစ်သိန်းရှစ် ထောင်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ရေတွက်ပုံ - VISSAစဉ် အမျိုးအစား တိုကျိုဈေးကွက်ဈေးနှုန်း ညီမျှမြန်မာဈေးနှုန်း(ကျပ်)၁။ တိရစ္ဆာန်အစားအစာ (က) ပြောင်း(CIF) US$ 0.65 563 (ခ) ပဲပုပ် (CIF) US$ 0.89 771၂။ ပဲမျိုးစုံ (က) ထောပတ်ပဲ Yen 127.92 1412 မှတ်ချက်။ ငွေလဲနှုန်း 1 USD = 78.45-78.47 Yen (6.7.12) 1USD = 866 Kyats Source : NIHON KEIZAL NEWSPAPER,MOC
ယနေ့အရောင်းအဝယ်လောကရဲ့ အများဆုံးဖြစ်ပေါ်နေတဲ့ မသမာမှုများ ဟာ ယုံကြည်မှုကို အလွဲသုံးစား ပြုခြင်းဖြစ်ပါတယ်။ နေ့စဉ် ပုံမှန် အရောင်းအဝယ် ပြုလုပ်နေရာမှ မိမိရဲ့အမြတ်အစွန်း တစ်ခုတည်း ကိုကြည့်ပြီး ဈေးကစားခြင်း ပြုလုပ်ရင်း ပြုလုပ်ရင်းမှ ဈေးအမြင့်နဲ့ ဝယ်မိပြီး၊ ဈေးကျသွားလို့ ဆုံးရှုံးမှု များဖြစ် ပေါ်ပြီး၊ မသမာမှုများ တိမ်းရှောင်မှုများ၊ လိမ်လည်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် တယ်လို့ သုံးသပ်မိပါတယ်။
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ အရောင်းအဝယ်အေးပြီးဈေးလည်း အနည်းငယ်ကျခဲ့ တာ တွေ့ရပါတယ်။ မန္တလေး၊ ရန်ကုန်ဝယ်လိုအားလျော့ခြင်း၊ စက်တင်ဘာ မိုးပြောင်း ပဲခွဲစက်၊ အမှုန်ကြိတ်စက်နဲ့ ကြာဇံ စက်လိုင်းသမားတွေ အဝယ်အေးလို အခုလို အရောင်းအဝယ် လေးခဲ့ခြင်း ဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ စက်တင်ဘာလ ပထမပတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး ကွက်အနေနဲ့ V2 ကုလားပဲမှာ တစ်တင်း ၂၀၃၀၀ ကျပ်ထိ ကျဈေးဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲကတော့ တစ်တင်း ၂၀၈၀၀ ကျပ်ထိ အနိမ့်ဆုံးဖြစ်ခဲ့ကာ တစ်ရက်အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ရှိခဲ့ပြီး၊ 929 ကုလားပဲအနေနဲ့ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်း ၂၁၀၀၀ ကျပ်အနိမ့်ဆုံး ဈေး ဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်သည်နဲ့ ပွဲစားလောကမှာ ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရန်ကုန်ကို ရေကြောင်းနဲ့ အိတ် ၅၀၀၀ ခန့် မန္တလေးကို အိတ် ၁၀၀၀၀ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။
အိန္ဒိယ ပဲမျိုးစုံသုတေသနသိပ္ပံ (IIPR)မှ သိပ္ပံပညာရှင်များအား အထွက်နှုန်းမြင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းများအလားတူ ယင်းသိပ္ပံကျောင်းအတွက် အောင်မြင်မှုအဖြစ် အသိအမှတ် အများဆုံးရရှိတဲ့ ပဲစင်းငုံစပ်မျိုးတစ်မျိုးကိုလည်း အောင်မြင်စွာထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာ၊ ဂျတ်ခဟန်း၊ သြရိသ၊ အနောက်ဘင်ဂေါနဲ့ အာသံ စတဲ့ ဒေသရေမြေနဲ့ သင့်တော်တဲ့ အစောပိုင်းကာလ ပဲစင်းငုံစပ်မျိုးကို အခြေခံထားတဲ့ IPH 09-5 အမည်ရတဲ့ စပ်မျိုးတစ်ခု ထုတ်လုပ်ခဲ့ပါတယ်။